ကလေးငယ်တွေအတွက် သီးသန့် အစီအစဉ် ပြုလုပ်ပေးထားတဲ့ ကမ္ဘာ့ အကောင်းဆုံးဟိုတယ်


အေသင်အောင်

ဒူဘိုင်းမှာ ဖွင့်လှစ်ထားတဲ့ကမ္ဘာ့ ပထမ ဆုံး ကြယ်(၇)ပွင့် အဆင့်ရှိ ဟိုတယ်ဟာ ကလေးငယ်တွေအတွက် အကောင်းဆုံး ၀န်ဆောင်မှု တွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ Burj Al Arab ဟိုတယ်ဟာ နေ့စဉ် လာရောက်တဲ့ ဧည့်သည်တွေကို ထူးခြားတဲ့ဝန်ဆောင်မှုတွေ ပေးချင်တာ မို့ ကလေးငယ်တွေအတွက် သီးသန့် အစီအစဉ် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကလေးမိဘ တွေအနေနဲ့ တစ်ည တည်းခိုခ ပေါင် (၁၁၀၀) ပေး ရုံနဲ့ ကလေးငယ်တွေဟာ ၀န်ဆောင်မှု တွေကို အခမဲ့ရရှိမှာ ဖြစ်ပါတယ်။

(၂၄)ကာရက်ရှိပြီး ရွှေအစစ်နဲ့ ပြုလုပ် ထားတဲ့ အိုင်ပက် အသုံးပြုခွင့်၊ အထိန်း တော်တစ်ဦး၊ ပင်လယ် ကမ်းခြေမှာ သွားရောက် ကစား ခွင့် စတာတွေအပြင် အစားအ သောက်တွေကိုလည်း အခမဲ့စားသုံးခွင့် ရမှာ ဖြစ်ပါတယ်။ ဟိုတယ် အတွင်းမှာ အသေးစား ကစားကွင်း တည်ဆောက်ပေး ထားပြီး ဂိမ်း ကစားခြင်း၊ သဲတွေနဲ့ ရုပ်ပုံတွေ ပုံဖော်ခြင်း တို့ကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်ကနေ ကားမောင်းပြီး သုံးမိနစ် လောက်သွားရင် ရေပန်းခြံကို ရောက်ရှိမှာဖြစ် ပြီး အဲဒီမှာလည်း ကစားနိုင်သေးတယ်လို့ သိရပါ တယ်။ ဟိုတယ် အထွေထွေမန်နေဂျာ မာရီယို က““ဇိမ်ခံခြင်းဆိုတာ အသက်အရွယ် ကန့်သတ်ချက်မရှိပါ ဘူး။ ကျွန်တော်တို့ရဲ့ တာဝန် က ရောက်လာတဲ့ ဧည့်သည်တွေ စိတ်တိုင်း ကျဖို့ဖြစ်ပါတယ်။

ဒီကိုရောက်လာတဲ့ ကလေးငယ်တွေ အတွက် အံ့အားသင့်စရာ ကောင်းတဲ့ အစီအစဉ်တွေ ပြုလုပ်ပေး ထားပါတယ်””လို့ ပြောခဲ့ပါတယ်။ ဒီဟိုတယ်မှာ တာဝန်ထမ်း ဆောင်တဲ့ ၀န်ထမ်းအရေအတွက်ဟာ လာ ရောက်တဲ့ ဧည့်သည်အရေအတွက်ထက် ပိုမို များပြားပြီး အကောင်းဆုံး ၀န်ဆောင်မှု ပြု လုပ်ပေးချင် တာမို့ အခုလို စီစဉ်ထားတာ ဖြစ် ပါတယ်။ မာရီယိုက ကလေးငယ်တွေကို ပျော် ရွှင်အောင် ပြုလုပ်ပေးခြင်း ဟာ ကလေး မိဘ တွေကို စိတ်ကျေနပ်မှုရအောင် ပြုလုပ်ပေး ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...