လေယာဉ်ပေါ်တွင် ချစ်ရည်လူးသော အမျိုးသမီး အဖမ်းခံရ

photo:google

လန်ဒန်ကနေ Las Vegas ကို ပျံသန်းတဲ့ Virgin Atlantic လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဗြိတိန်အမျိုး သမီးတစ်ဦးဟာ အရက်မူးရင်း လိင်ဆက် ဆံ အပျော်ကျူးခဲ့ရာတွင် အသံကျယ်လောင်စွာညည်း ညူခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရရှာ တယ်လို့ သိရပါတယ်။

အဆိုပါဗြိတိန်အမျိုးသမီးဟာ သူမရဲ့မိဘ တွေနဲ့အတူ Virgin Atlantic လေယာဉ်ပေါ်တွင် လိုက် ပါခဲ့ပြီး လိင်ဆက်ဆံအပျော်ကျူးလိုကာ အမျိုးသား တစ်ဦးနဲ့တွေ့ဆုံခဲ့တယ်လို့ သိခဲ့ရပါတယ်။ ယင်းဗြိတိန် အမျိုး သမီးဟာ လိင်မဆက်ဆံခင် အရက်သောက်ခဲ့ တယ်လို့သိရပြီး သူတို့နှစ်ဦးဟာ လေယာဉ်ရဲ့နားနေခန်း ကနေ ရေသန့်စင်ခန်းကိုသွားရောက်ကာ တူနှစ်ကိုယ် ချစ်တင်းနှောခဲ့ကြပါတယ်။ အရက်မူးနေတဲ့ ဗြိတိန် အမျိုးသမီးဟာ လိင်ဆက်ဆံစဉ် ကာမစိတ်ခံစားမှု ကြောင့် အသံကျယ်လောင်စွာ အော်ဟစ်ညည်းညူ ခဲ့တယ်လို့ လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီး သည်တစ်ဦးက The Sun ကို ပြောဆိုခဲ့ပါတယ်။

အဆိုပါ လိင်ဆက်ဆံကျူးလွန်ရာမှာ အသံကျယ်လောင်စွာအော်ဟစ်ညည်း ညူခဲ့တဲ့ အရက် မူးနေတဲ့ ဗြိတိန် အမျိုးသမီးကို လေယာဉ်ဆင်းသက် ပြီးခါမှာတော့ သက်ဆိုင်ရာရဲတွေက ဖမ်းဆီးခဲ့တယ် လို့ သိရပါတယ်။

အရက်မူးပြီး လိင်ဆက်ဆံအပျော်ကျူး ကာအော်ဟစ်ညည်းညူခဲ့တဲ့ အမျိုးသမီးရဲ့ နာမည် ကိုတော့ သက်ဆိုင်ရာက မထုတ်ပြန်ခဲ့ပါဘူး။

Ref: The SUN
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...