ဆင်းရဲတွင်းနှင့် အခမဲ့ပညာရေး



လာမည့်ဇွန် ၂ ရက်ဆို လျှင် ၂၀၁၄-၁၅ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းတွေ ဖွင့် တော့မည်။ မုတ်သုံမိုးနှင့်အတူ ပါလာသော မိုးရေစက်တို့ဖြင့် ပတ်ဝန်းကျင်ရှိ သစ်ပင်၊ မြက်ပင် တို့ စိမ်းစိုလန်းဆန်း လာကြ၏။

ထို့အတူ တစ်နွေတွင်းလုံး တံခါး ပိတ် ကာ တိတ်ဆိတ်ခြောက်ကပ် နေခဲ့သော ကျောင်းတော်ကြီးများ လည်း မကြာမီ နုပျိုသစ်လွင်သောဖြူဖြူစိမ်းစိမ်းလေးများဖြင့် လှုပ်ရှားသက်ဝင်လာပေတော့မည်။

သည်နှစ် ၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် မေလ ၂၅ ရက် မှ ၃၁ ရက်အထိကို အခြေခံပညာ ကျောင်းများ ၏ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် ပညာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ထူးခြားသည် မှာ ပြီးခဲ့ သည့် နှစ်က စတင်ခဲ့သော မူလ တန်းအဆင့် အခမဲ့ပညာရေးကို တိုးချဲ့ကာ အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်အထိ အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။ ထို့ကြောင့် မူလ တန်းကျောင်းသားများမှစ၍ အ လယ်တန်းကျောင်းသားများအထိ ပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်များ အခမဲ့ ရရှိကြမည့်အပြင် ကျောင်း သားတစ်ဦးလျှင် ငွေကျပ်တစ် ထောင်စီ ရရှိကြ မည်ဟုလည်း ဆို ပါသည်။ ယင်းအခမဲ့ပညာရေးအ တွက် ပညာရေးဝန်ကြီးဌာနက ကျပ်ငွေ ခုနစ်ဘီလီယံ လျာထား သည်ဟုလည်း သိရသည်။ ကျောင်းသားမိဘတစ်ဦးအတွက် ကျပ်တစ်ထောင်ဟူသော ပမာဏ မှာ ဘာမှ မပြောပလောက်သော် လည်း တစ်နိုင်ငံလုံးအတိုင်းအ တာနှင့်ဆိုတော့ ငွေပမာဏက ဘီလီယံနှင့် ချီသွားလေ၏။

အခြေခံပညာရေးကို အခမဲ့ စနစ် သတ်မှတ်ခြင်းမှာ ကိစ္စ ကောင်းဖြစ်ပါသည်။ ဖြစ်နိုင်လျှင် အခြေခံပညာ အထက်တန်းအ ဆင့်အထိ အခမဲ့ပညာရေးစနစ် ဆောင်ရွက်နိုင်လျှင် ပို၍ပင် ကောင်းပါလိမ့်မည်။ လူတိုင်း လူ တိုင်း အခြေခံပညာအဆင့်ပြီးဆုံး သည်အထိ သင်ယူဖူးလျှင် ဘာပဲ ဖြစ်ဖြစ် ရပ်ရေးရွာရေးကိစ္စများ၌ ပင် ပြောရဆိုရ သဘောပေါက် လွယ်သည်။ နိုင်ငံတည်ဆောက် ရေးအတွက် အများကြီး အ ထောက် အကူပြုနိုင်ပါသည်။ သို့ အတွက် အခြေခံပညာ အလယ် တန်းအဆင့်အထိ အခမဲ့ပညာ ရေးစနစ် သတ် မှတ်ဆောင်ရွက် ခြင်းသည် ကြိုဆိုအပ်သည့် ကိစ္စ ဟု ဆိုရမည်ဖြစ်ပါသည်။

သို့သော် အခြေခံပညာမူလ တန်းအဆင့်နှင့် အလယ်တန်းအ ဆင့်ကို အခမဲ့ သတ်မှတ်၍ ပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ အခမဲ့ပေး၊ ကျောင်းသားတစ်ဦး လျှင် ငွေကျပ်တစ်ထောင်စီ ပေး ရုံဖြင့် လူတိုင်း အခြေခံ ပညာ အ လယ်တန်းအဆင့်အထိ သင်ကြား ခွင့်ရပြီလား။ အခမဲ့ပညာရေး စနစ်ကိုပင် လက်လှမ်းမမီနိုင် သူ တွေ အများအပြား ရှိနေနိုင်ပါသည်။ ကျွန်တော်တို့ဆီမှာ ပညာ ရေးလုပ်ငန်းများ ပရဟိတဆောင် ရွက်နေသည့် အဖွဲ့တစ်ဖွဲ့ ရှိပါ သည်။ မြို့နယ်အတွင်းရှိ အထက် တန်းကျောင်းသားဟောင်းများ စု ပေါင်းဖွဲ့ စည်းထားသော အဖွဲ့ဖြစ် သည်။ ဤအဖွဲ့က မြို့နယ်အ တွင်းမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ကျောင်း သား၊ ကျောင်းသူ များကိုလည်း နှစ်စဉ်ဆုချီးမြှင့် သည်။ ထို့အပြင် မြို့ပေါ်နှင့် မြို့ နီးဝန်းကျင်ရှိ မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းများ မှ ဆင်းရဲနွမ်းပါး၍ ကျောင်းနေ ရန် ခက်ခဲသည့် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာ သင်စရိတ်ထောက်ပံ့ပေးသည်။

သူတို့ ဆောင်ရွက်ပုံက ကျောင်းဖွင့်ပြီး ၁၅ ရက်ကျော်အ ထိ ကျောင်းလာ မအပ်သေးသော ကျောင်းသား စာရင်းကို ကျောင်း များမှ တောင်းယူသည်။ ပြီးလျှင် ကျောင်းသားမိဘများထံ အိမ် တိုင်ရာရောက် လိုက်လံဆွေးနွေး သည်။ ကျောင်းထားချင်ပါလျက် ငွေကြေးမတတ်နိုင်၍ ကျောင်းမ အပ်နိုင်သူများကို အဖွဲ့ရန်ပုံငွေ ဖြင့် ထောက်ပံ့ပေးသည်။ ပြီးခဲ့ သည့်နှစ်ကတော့ အစိုးရက အခ မဲ့ပညာရေးစနစ်ကို မူလတန်းအ ဆင့်တွင် စတင်အကောင်အထည် ဖော်လိုက်သဖြင့် မူလတန်းကို အ ထောက်အပံ့ မပေးတော့ ဘဲ အ လယ်တန်းအဆင့်ကို ကျောင်း သားဦးရေတိုးမြှင့်၍ ကျောင်းမ အပ်နိုင်သူများသာမက ကျောင်း အပ်ပြီးသူများထဲကပါ အဆင်းရဲ ဆုံးကလေးများကို ရွေးချယ်၍ ထောက်ပံ့ပေးခဲ့သည်။ ရှိသော ရန်ပုံငွေဖြင့် ကျောင်းသားတစ်ဦး လျှင် ငွေကျပ်တစ်သောင်းခွဲ၊ ဗလာစာအုပ် နှစ်ဒါဇင်၊ ကွန်ပါဘူးတစ် ဘူးနှုန်းဖြင့် အလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၆၄ ဦးအား ထောက်ပံ့ ပေးခဲ့သည်။

ပြောချင်သည်မှာ ဤအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်တစ် သောင်းခွဲ၊ ဗလာစာအုပ် နှစ်ဒါ ဇင်၊ ကွန်ပါဘူး တစ်ဘူးဟူသော နှုန်းသည် ကျောင်းသို့ ပေးသွင်းရ သော ပြဋ္ဌာန်းစာအုပ်ဖိုး၊ ကျောင်း ၀င်ကြေး၊ အားကစားကြေး၊ စာ ကြည့်တိုက်ကြေးစသည့် ကုန်ကျ စရိတ်များ နုတ်လိုက်လျှင်ပင် အစိုးရက ပေး မည့် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ငွေကျပ်တစ် ထောင်နှင့် နှိုင်းယှဉ်လျှင်ပင် များစွာ သာလွန်နေပါသေး သည်။ သို့ တိုင်အောင် ကျောင်းသားတစ် ယောက်အတွက် အခြားလိုအပ်ချက်များဖြစ်သည့် ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ထီး၊ ဖိနပ်၊ ထမင်း ဘူးစသည့် ကုန်ကျစရိတ်များအတွက် မတတ်နိုင်၍ အချို့မိဘများ က ကျောင်း မထားတော့ပါဟု ဆိုသဖြင့် ကျောင်းသားဟောင်း များအဖွဲ့က ထိုကျောင်းသားများ အတွက် သီးခြားအလှူရှင်များ ရှာပေးခဲ့ရပါသည်။

အစိုးရက ထောက်ပံ့ခြင်း သည် ကျောင်းလာအပ်မည့် က လေးကိုသာ ထောက်ပံ့ခြင်းဖြစ်သည်။ အခြား လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်သည့် မိဘ များ၏ ကလေးများက နဂိုက တည်းကပင် ကျောင်း သို့ ရောက်လာလိမ့်မည်မဟုတ်ချေ။ အကယ်၍ ဖိအားပေးပြီး အတင်း ကျောင်းအပ်ခိုင်းလျှင်လည်း ကျောင်း အပ်ရုံပဲ အပ်ပါလိမ့်မည်။ ကျောင်းကို မှန်မှန်ပို့ပေးလိမ့်မည် မဟုတ်ချေ။ ကျွန်တော်တို့ပတ် ၀န်းကျင်မှာ ဆင်းရဲလွန်း၍ သား သမီးများ၏ ပညာရေးကို လှည့်မ ကြည့်နိုင်သည့် မိဘတွေ အများ ကြီးရှိပါသည်။ အစိုးရက မူလတန်းပညာရေးကို မသင်မနေရဟု ကြွေးကြော်နေသော်လည်း မူလတန်းပြီး ဆုံးအောင် ကျောင်း မနေဖူးသူ အများကြီးရှိနေပါသည်။

ဆိုင်ရာ တာဝန်ရှိသူများကို မေးချင်ပါသည်။ ယခုအလယ် တန်းအဆင့်အထိ အခမဲ့ပညာ ရေးစနစ်ဆောင် ရွက်နေကြောင်း နိုင်ငံတကာကို ပြချင်တာလား။ တကယ်ပဲ ကိုယ့်နိုင်ငံသားတိုင်း အလယ်တန်းပညာ သင်ကြားခွင့် ရစေချင်တာလား။ နိုင်ငံတကာ ကို ပြချင်ရုံသက်သက်ဆိုလျှင် တော့ ယခုစနစ်အပေါ် ဘာမျှဝေ ဖန်ဆွေးနွေးရန်မရှိပါ။ ကိုယ့်နိုင်ငံ သားတိုင်း အလယ်တန်းအဆင့် အထိ ပညာသင်ကြားခွင့်ရစေချင် တာ ဆိုလျှင်တော့ ယခုအကောင် အထည်ဖော်သော စနစ်သည် အောင်မြင်မှုမရနိုင်ဟုဘဲ ဆိုရပါမည်။ အကြောင်းမှာ အချို့သော ကျောင်းသားများအတွက် ပြဋ္ဌာန်း စာအုပ်ဖိုး၊ ဗလာစာအုပ်ဖိုးသည် သူတို့တစ်နေ့ တာ ဂိမ်းဆိုင်မှာ ဖြုန်းပစ်သည့် ငွေပမာဏမျှလောက်ပင် မရှိချေ။ ငွေတစ်ထောင်ဟူသည် အချို့သော ကျောင်းသား များ၏ တစ်နေ့ရသည့် မုန့်ဖိုးမျှ ပင် မရှိချေ။ ဤသို့သော ကျောင်း သားများအတွက် အခမဲ့ပညာ သင်ခွင့်ရခြင်းသည် ဘာမျှ မထူး ခြားနိုင်သည့် ကိစ္စဖြစ်သည်။

သို့သော် အချို့သော ကျောင်း သားများမှာတော့ ပြဋ္ဌာန်းစာအုပ် အသစ်ဖိုး မတတ်နိုင်၍ ပြဋ္ဌာန်းစာ အုပ် အဟောင်း ၀ယ်ကိုင်ရသူများ ပင်ရှိသည်။ အချို့ကျောင်းသား များ နေ့တိုင်း ကျောင်းတက်နေ သော်လည်း ဘာမုန့်ဖိုးမျှ ထည့်မ လာနိုင်ကြပေ။ ဤသို့သော ကျောင်းသားများအတွက် အခမဲ့ ပညာသင်ခွင့်ရခြင်းသည် ကြီးမား လှသော ဆုလာဘ်ကြီးတစ်ခုပင် ဖြစ်ပေသည်။

သို့ဖြစ်ရာ ကျောင်းလာအပ် မည့် ကလေးများသာ ရနိုင်မည့် အခမဲ့ပညာရေးစနစ်အစား အမှန် တကယ် ဆင်းရဲနွမ်းပါး၍ ကျောင်းသို့ ရောက်မလာနိုင်သည့် ကလေးများပါ ပညာသင်ကြားခွင့်ရနိုင်သည့် ဆင်းရဲနွမ်း ပါးသော ကလေး များအား ရွေးချယ်ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးသင့်ပါသည်။ ချမ်းသာချမ်းသာ၊ ဆင်းရဲ ဆင်းရဲ ကျောင်းရောက်လာသည့် ကလေး များကိုသာ ထောက်ပံ့မည်ဆိုလျှင် တော့ ကျပ်ငွေ ခုနစ်ဘီလီယံ ကုန် ရကျိုးနပ်မည်မဟုတ်ပေ။ ဟိုတစ် အချိန်က ဆေးရုံများတွင် ချိတ်ဆွဲ ထားလေ့ရှိသည့် ‘‘စရိတ်မျှပေး ကျန်းမာရေး’’ ဟူသည့် ဆောင် ပုဒ်လို ‘‘စရိတ်မျှပေး ပညာရေး’’ စနစ်ကို ကျင့်သုံးလျက် ချမ်းသာ သော မိဘများ၏ သားသမီးများ ထံမှ ပြဋ္ဌာန်းစာအုပ်ဖိုး၊ ဗလာစာ အုပ်ဖိုးမှအစ ကျောင်းဝင်ကြေး၊ အားကစားကြေး၊ စာကြည့်တိုက် ကြေး စသည်များကို ကောက်ခံ။ ဆင်းရဲနွမ်းပါးသော ကျောင်းသား များကို ယခုထက်ပို ၍ ထောက်ပံ့ ပေးနိုင်လျှင် ကျွန်တော်တို့ နိုင်ငံ သားတိုင်း အလယ်တန်းအဆင့်အ ထိ ပညာင်ကြားခွင့် ရနိုင်ကြမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်လျှင်ကား မဟာဒုက္ခ တွင်းဆုံးကျနေသူများကို အခမဲ့ပညာရေးစနစ်က ကျောင်းခန်းထဲ ရောက် လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်၍ ရနိုင်မည်လား။ ငွေရောင်ပိတ်ကားပေါ် တွင်သာ ဆက်၍ ရှုစားကြရပေမည်။


မင်းသန်းထိုက်(ဒေးဒရဲ)

7Day Daily
No.389 Sunday, May 25, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...