ဂူးဂဲလ်၊ ကော့စ်ကိုနှင့် ဖေ့စ်ဘွတ်ခ်တို့သည် အကောင်းဆုံး အလုပ်ရှင်များဖြစ်ဟုဆို



ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ် နှင့် လက်လီလက်ကားကုမ္ပဏီ ကော့စ်ကိုတို့မှာ အမေရိကန်နိုင်ငံ တွင် အကောင်းဆုံး လုပ်ခလစာ နှင့် အကျိုးခံစားခွင့်ပေးသော ကုမ္ပဏီများဖြစ်ကြောင်း အမေရိ ကန် အလုပ်အကိုင်ဝက်ဘ်ဆိုက် Glassdoor ၏ စစ်တမ်းကောက် ယူမှုတစ်ရပ်အရ သိရသည်။

လူမှုရေး အကျိုးခံစားခွင့် ရက်ရက်ရောရော ပေးသည့် ကော့စ်ကိုကုမ္ပဏီမှလွဲ၍ အ ကောင်းဆုံး လုပ်ခလ စာပေးသော ထိပ်တန်းကုမ္ပဏီငါးခုအနက် လေးခုမှာ နည်းပညာလုပ်ငန်းများ ဖြစ်ကြောင်း ယင်းစစ်တမ်းအရ သိရသည်။

စစ်တမ်းကောက်ယူမှုအရ အကောင်းဆုံးလုပ်ခလစာပေး သော ကုမ္ပဏီများစာရင်းတွင် ဂူးဂဲလ်ကုမ္ပဏီက နံပါတ်(၁)နေ ရာ၌ရှိနေပြီး ဆော့ဖ်ဝဲအင်ဂျင်နီ ယာတစ်ဦး၏ တစ်နှစ်လစာမှာ ကန်ဒေါ်လာ ၁၁၉,၀၀၀ ရရှိပြီး အလုပ်သမားများအနေဖြင့် အား ကစားခန်းမ အခမဲ့အသုံးပြုခွင့်၊ အကြွေစေ့ထည့်၍ အဝတ်လျှော် စက် အသုံးပြုခွင့်၊ ဘိလိယက် ကစားခွင့်နှင့် အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ပေးခြင်းများ စသောအကျိုးခံစား ခွင့် များ ရရှိသည်။

သို့သော် ဂူးဂဲလ်ကုမ္ပဏီတွင် အားလပ်ရက် အနားယူသူ (သို့မ ဟုတ်) အားလပ်ရက်ခရီးထွက်သူ တစ်ဦး တစ်ယောက်မျှ မတွေ့ခဲ့ဖူး ဟု ဂူးဂဲလ်ကုမ္ပဏီတွင် ရှစ်နှစ်ကြာအလုပ်လုပ်ခဲ့ဖူးသူတစ်ဦးက ပြော ကြားသည်။

ကော့စ်ကိုကုမ္ပဏီနောက် တတိယနေရာတွင် ရှိနေသော ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှာ အလုပ်သ မားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားသည်။

ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီ Adobe မှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ နောက်တွင်ရှိနေပြီး အကောင်းဆုံးလစာပေး သည့် ကုမ္ပဏီစာရင်း အောက်ဆုံးနေရာ နံပါတ်(၂၅) တွင် အလုပ်သမား ၅,၀၀၀ ကျော် ခန့်အပ်ထားသည့် eBay ကုမ္ပဏီ ရှိနေသည်။

ယင်းစစ်တမ်းကောက်ယူမှု အတွင်း ကုမ္ပဏီတစ်ခုစီ၏ လက်ရှိ(သို့မဟုတ်) အလုပ်သမားဟောင်း များ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။

—Ref: AFP
7Day Daily
No.390 Monday, May 26, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...