"ရုပ်ရှင်ဇာတ်ကား အတွက် ရုပ်ရှင်ဇာတ်ဝင်တေးကို ကြိုတင်ရေးခိုင်းလေ့ရှိတဲ့ ဦးကျော်သူ"

ရုပ်ရှင်မင်းသားဘဝမှာ အောင်မြင်ကျော်ကြားခဲ့သူ၊ ပရဟိတဘက်မှာလည်း အားသွန်ခွန်စိုက် လုပ်ဆောင်နေသူဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ ဟာ တစ်ခေတ်တခါက သူရိုက်ကူးခဲ့သမျှ ရုပ်ရှင် ဇာတ်လမ်းတွေမှာဆိုရင် ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင်ခံစားပြီးမှ ဇာတ်ရုပ်ကို ပီပြင်အောင် ဖော်ကျူးလေ့ရှိခဲ့ပါတယ်။
ရုပ်ရှင်အတွက် ဇာတ်ဝင်တေးကို သီချင်းရေးဆရာနဲ့ သီးသန့်အပ်လေ့ ရှိခဲ့ကြောင်းကို ဦးကျော်သူက ” ကျွန်တော်တို့ကတော့ ဇာတ်ကောင်ရဲ့ သရုပ်ကို ဖော်ရမယ် ဆိုရင် ဇာတ်ကောင်ရဲ့စရိုက်တွေကို သီချင်း စာသားထဲမှာ ထည့်တယ်။ ဥပမာ- ပုဏ္ဏားဘကွန်းဆိုရင် သူ့ရဲ့စိတ်ဓာတ်၊ ခံယူချက်တွေကို သီချင်းထဲမှာ ထည့်တယ်ဆိုရင် ဒီသီချင်း ရဲ့အရှိန်ကြောင့် ဇာတ်ရုပ်ကလည်း ပိုကြွတယ်။ ပုဏ္ဏားဘကွန်း ဇာတ်ကားကို တခြားသီချင်းတွေထည့်မယ်ဆိုရင် လမ်းကြောင်းလွဲသွားပြီလေ။ ကျွန်တော်ကတော့ ရုပ်ရှင် မရိုက်ခင် ကတည်းက ပြင်ဆင်မှုလုပ်တယ်။ ပုဏ္ဏားဘကွန်းရဲ့စရိုက်နဲ့ ရေးပေးပါဆို ရေးပေးတယ်။ ဥပမာ -ကောင်းချစ်တဲ့မမဆိုလည်း ညီထွဋ်နဲ့ညှိနှိုင်းပြီးတော့ ဒီအခန်းက ဘယ်လိုပေါက်ကွဲမှုဖြစ်တယ်။ ဒီအခန်း ကတော့ ဘယ်လိုအမြူးလေး၊ ဒါမျိုးလေးတွေကို ကျွန်တော်က ကြိုရေးခိုင်းရတယ်။ ကြိုရေးခိုင်းပြီးတော့ မှ ဒီသီချင်းပေါ်ကို ကျွန်တော်ကခံစားပြီးတော့မှ ဒီသီချင်းစာသားပေါ် ဘယ်လိုရုပ်မျိုး ရိုက်မယ်ဆိုတာ က ပြန်ချိန်ရတယ်။
ကျွန်တော်က သီချင်းအပေါ်မှာခံစားပြီးတော့မှ အရုပ်ကို ရိုက်တာ။ ရိုက်နေတဲ့ ကားတွေမှာ စတီရီယိုက သီချင်းတွေလည်း သုံးတယ်။ ရုပ်ရှင်ကားတစ်ကားမှာ ဇာတ် နဲ့ အံ ဝင်တဲ့သီချင်းမျိုးဆိုရင် တော့ ဒါကိုယ် ရိုက်ထားတဲ့ အရုပ်နဲ့ ဒီသုံးထားတဲ့သီချင်းနဲ့ အံဝင်ခွင်ကျဖြစ်တယ်။ ဇာတ်ကိုလည်း အထောက် အကူပြုတယ် ဆိုရင်တော့ ဒီသီချင်း ကတော့ အဆင်ပြေတာပေါ့။ နာမည်ကြီးတဲ့ သီချင်းဆိုပြီး ကိုယ့်ကား နာမည် ရအောင် ဘောင်မဝင်ဘဲ နဲ့ ဇွတ်ထည့်ရင်တော့ ဒါလွဲမှားသွားမယ်။ ကျွန်တော်တို့တုန်းက ဆိုရင် ” ဆေးပေါင်းခ တဲ့ည” ဇော်ဝင်းထွဋ် ရဲ့ သီချင်း၊ အဲဒီသီချင်းကို ရုပ်ရှင်ပုံစံလုပ်ပြီးမှ ပြန်ရိုက်တယ်။ ကောင်း ချစ်တဲ့မမတုန်းကဆိုလည်း ညီထွဋ် သီချင်းတွေကို ရိုက်ခဲ့ တယ်။ ညီထွဋ်ကလည်း သူ့စီးရီးထဲမှာ အဲဒီ သီချင်းကို ထပ်ထည့်တော့ ဂီတဘက် မှာပါအောင်မြင်မှု ရခဲ့တယ်။ ဒီလိုလုပ်တယ်ဆို တာကလည်း တစ်ယောက် တစ်မျိုးပေါ့ေ လ။ ကျွန်တော်တို့ကတော့ ခံစားပြီးလုပ်တယ်။ ဥပမာ ဒီသီချင်း ကိုရိုက်တယ် ဆိုရင် ကျွန်တော်တို့က ဘယ်လိုအရုပ် မျိုးရိုက်မယ်ဆို တာတွေးပြီး သား။
တစ်ယောက်နဲ့တစ် ယောက်တော့ မတူဘူးပေါ့လေ။ ကောင်းချစ်တဲ့မမတို့ ၊ဆေးပေါင်းခတဲ့ညတို့ ရိုက်ခဲ့ တာဆိုရင် နဂိုကတည်းက MTVရိုက်ခဲ့ တာတွေ ရှိတယ်။ တချို့ ဒါရိုက်တာတွေက ကျွန်တော့်ကို ဂီတဘက်မှာ ကျွမ်းကျင်တယ် လို့ထင်တယ်။ အမှန်ကဂီတနဲ့ ပတ်သက်ပြီး တစ်ခုမှ သိတာမဟုတ်ဘူး။ ကီးတွေလည်း သိတာမဟုတ် ဘူး။ သို့သော် ကျွန်တော်က သီချင်းကိုခံစားပြီး အရုပ်ကိုဖော်ကျူးတယ်။ ပန်းတွေနဲ့ဝေတို့၊ တစ်ပြည်သူမရွှေ ထားတို့ ဒီလိုဟာမျိုးတွေဆိုရင် ဇာတ်ကားအတွက်ကို သီးသန့်ဆို တယ်။ ဆိုလိုက် တဲ့အတွက် ပန်းတွေနဲ့ဝေသီချင်းဆိုလည်း အောင်မြင်မှုရခဲ့တယ်။ ဒီဇာတ်ကားနဲ့သီချင်းက လိုက်ဖက်ဖို့လိုတယ်။ ဒါမှ ရုပ်ရှင်ဘက်မှာ ရော၊ ဂီတဘက် မှာ ပါ အောင်မြင်မှုရမယ်” လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Popular Journal