"တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း ရှာတတ်ရမယ်" - ရွှေရေးခြယ်
ရွှေရေးခြယ်၊ အသက် ၂၁၊ BA (Eng)၊

(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)
ညီမရဲ့ အနုပညာ လှုပ်ရှားမှုတွေဆိုရင် ဗီဒီယို ဇာတ်ကား ကား ၂၀ လောက် ရိုက်ပြီးသွားပါပြီ။ ဗီစီဒီလည်း ရိုက်ထားသလို မဂ္ဂဇင်း၊ ဂျာနယ် ကာဗာဓာတ်ပုံ တွေလည်း ရိုက်ထားပါတယ်။ ညီမကတော့ အနုပညာ အလုပ်ကို ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ကိုယ်လိုချင်တဲ့ အနေအထားနဲ့ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် လုပ်သွားမယ်ဆိုတဲ့စိတ် ထားထားပါတယ်။
အနုပညာနဲ့ ပတ်သက်ရင် ဘယ်လို အနုပညာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် တန်ဖိုးထားပါတယ်။ အနုပညာအလုပ်မှန်သမျှ ဝါသနာ ပါပါတယ်။ ငယ်ငယ်တုန်းကတော့ ညီမက အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တာပေါ့။ အနုပညာကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ပြီး ဖြစ်ချင်ခဲ့တာ၊ လုပ်ချင် ခဲ့တာပါ။
အနုပညာအလုပ်ကို လုပ်ရင် ဇွဲရှိရမယ်၊ ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ ကြံ့ကြံ့ခံနိုင်ရမယ်၊ ဝီရိယ ရှိရမယ်။ အနုပညာအလုပ်ကိုလည်း ကိုယ့်အသက်နဲ့ ထပ်တူ ရူးသွပ်ရမယ်လို့ ခံယူထားပါတယ်။
စာပေပိုင်းနဲ့ ပတ်သက်ရင် ညီမသဘောကျတဲ့ သုတ၊ ရသ စာအုပ် တွေ၊ စိတ်ခွန်အားဖြစ်စေတဲ့ စာအုပ်တွေတော့ ဖတ်ဖြစ် ပါတယ်။
ကိုယ့်ဘဝရဲ့ ရပ်တည်မှုအနေအထားကို ကျေနပ် လားဆိုရင် ကျေနပ်တယ်ပဲ ဟြေရမှာပါ။ အနုပညာနဲ့ ပတ်သက်ရင်တော့ ကိုယ့်ဥာဏ်စွမ်းရှိသမျှ ပရိသတ် အတွက် ကြိုးစားသွားမှာပါ။
အနုပညာနဲ့ပတ်သက်ပြီး အမှတ်တရဆိုရင် ညီမ ငါးတန်းလောက်က ပရိုဂျူဆာ တယောက်လာခေါ်လို့ မှတ်မှတ်ရရ ဗီစီဒီတပုဒ် ရိုက်ခဲ့ ရတယ်။ ဦးဘိုဘိုဟန်နဲ့ သျှားအိဘိုဘိုဟန် ဆိုထားတဲ့ ‘လူဦးရေ သန်းပေါင်းခြောက်ထောင်ထဲက အချစ်’ ဆိုတဲ့ သီချင်းဗီစီဒီ ရိုက်တော့ ဦးကုသိုလ်တို့နဲ့ မြေပဒေသာ ကျွန်းထဲမှာ သွားရိုက်တာ။ လျှောပေါ်ကနေ ညီမက ဆင်းရတဲ့ အခန်းပေါ့။ လျှောကို ဘယ်သူမှ သေချာ မကြည့်လိုက်မိဘူး။ ကော်ပတ် မစားရသေးတော့ လက်တွေပွန်းပြီး အပေါ်ကနေပြုတ်ကျတာလေ။ အဲဒါကတော့ လုံးဝ အမှတ်တရပါပဲ။
ညီမ စိတ်ထားတတ်အောင်၊ အစစအရာရာ နေ ထိုင်တတ်အောင် ညီမ တရားထိုင်ပါတယ်။ တရားမှတ် တယ်။ စိတ်ထွက်ပေါက်တခု အနေနဲ့တော့ သီချင်း နားထောင်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက် ရင်တော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ပုံစံတွေပဲ ဝတ်ဖြစ်ပါတယ်။ Free Style တွေတော့ ပို ကြိုက်တယ်။
လူငယ်တွေအတွက် အခုချိန်က အခွင့်အလမ်း ကောင်းတွေရှိတဲ့ အချိန်ပါပဲ။ လူရယ်လို့ ဖြစ်လာရင် ကိုယ်ရပ် တည်နေတဲ့နေရာက ဘယ်လိုနေရာပဲဖြစ်ပါစေ ကိုယ်ရောက်နေတဲ့နေရာကို ကျေနပ်တင်းတိမ်အောင် နေ တတ်ရမယ် ဆိုပေမယ့် အဲဒီထက်ပိုတဲ့ ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ရှာတတ်ရ မယ်။ နောက်ပြီး ဘဝကို ဇွဲမလျှော့ဘဲ ကြိုးစားမယ်ဆိုရင် ဘယ်သူမဆို အောင်မြင်မှုဆိုတဲ့ အရာကို ရရှိမှာ ပါလို့ ဟြေချင်ပါတယ်။
မြတ်သူအောင်
လူငယ်နဲ့ခေတ်ရေစီး
ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်း တက်ကြွမှုတွေနဲ့ နောင် တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။
လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ် စမြဲ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြ သွားမှာ ဖြစ်ပါတယ်။

ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)