"လည်ပင်းကကြေးကွင်းတွေချွတ် ဘုရားပုံတော် သွန်းလောင်းပူဇော်တဲ့ ပဒေါင်အမျိုးသမီးကြီး"
★ ပုံက မထူးခြားပေမယ့် ပုံရဲ့ဇာတ်ကြောင်းလေးက စိတ်ဝင်စားဖို့ ကောင်းမယ်ထင်လို့......ဒီအဖွားက
အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ ပဒေါင်တိုင်းရင်းသူ ... သူ့အသက်၁၂နှစ်ထဲက လည်ပင်းမှာ ကြေးကွင်းစွပ်ထား တာ ၇၅နှစ်ထိတဲ့...မနှစ်ကတော့ သူအမြတ်တနိုးဝတ်ထားတဲ့ လည်ပင်းက ကြေးကွင်းကိုချွတ်ပြီး Mandalay ကိုသွား အရည်ကျို...ဘုရားဆင်းတုတော်လောင်းတာကို ထိုင်စောင့်ကြည့် ပြီးတော့ သူ့နယ်ဖြစ် တဲ့ ကယားပြည်နယ် မိုးဗြဲမြို့လေးက ဘုန်းကြီးကျောင်းကို လှူဒါန်းလိုက်ပါတော့တယ်။
★ ဒီအကြောင်းကိုကြားတဲ့ကျွန်တော်က သူ့ကိုတွေ့ချင်နေမိတုန်း သူ့ဆင်းတုတော်ကို လာဖူးနေတယ်လို့ လာပြောတော့ ချက်ချင်းထလိုက်သွားပြီး အမှတ်တရပုံရိုက်ဖို့ ခွင့်တောင်း စကားပြန်ကတဆင့် စကားပြော .နောက်ဆုံးမေးခွန်းတခု မေးလိုက်ပါတယ်ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီ၃ပိသာကျော်လေးတဲ့ လည်ပင်း က ကြေးတွေကို လှူဒါန်းဖြစ်ပုံအကြောင်းမေးတော့
★ "ရောင်းစားရင် ပိုက်ဆံရပေ မယ့်လှူလိုက်တော့ သူကုသိုလ်ရတာပေါ့" တဲ့ ကြေးကွင်းမရှိတော့တဲ့ ပုံမှန်ထက် ရှည်နေတဲ့ သူ့လည်ပင်းက စကားပြောရင် လှုပ်နေတယ်။
★ အပြန်လမ်းမှာ ကျွန်တော်စဉ်းစားမိတာက "သူ့ထက်ပညာတတ်ပေ သူ့လောက်မစွန့်လွှတ်ရဲတဲ့ အခွံကြီးပြီး အဆံချောင်နေတဲ့ ကျွန်တော့်ဘဝ"
(Credit to Win Naing Htun)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)