ဖုန်းပြောချိန် တစ်လ ၁၅ နာရီထက် ကျော်သူများ ဦးနှောက်အကျိတ် ဖြစ်နိုင်ခြေ သုံးဆပိုများ
photo;www.micutz.ro
သန်းထိုက်ချိန် ပါရီ ၊ မေ ၁၅
တစ်လလျှင် ဖုန်းပြောချိန် ၁၅ နာရီထက် ပိုများသူများ သည် ပုံမှန် လူများနှင့် ယှဉ်ပါက ဦးနှောက် တွင်း အကျိတ် ဖြစ်ကာ ဦးနှောက် ကင်ဆာ ဖြစ်ပွား နိုင်ခြေ သုံးဆထိ ပိုများနိုင်ကြောင်း ပြင်သစ် နိုင်ငံမှ လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသည်။
လေ့လာမှု စစ်တမ်း အတွက် ဦးနှောက် အကျိတ် ဝေဒနာ ခံစားနေရ သူများ၏ ဖုန်းပြောဆိုမှုနှင့် ကျန်းမာ သူများ၏ ဖုန်းပြောဆိုမှုများ ကို နှိုင်းယှဉ် ကြည့်ခဲ့သည်။ ဝေဒနာ ခံစားနေ ရသူ ၈၀၀ ကျော်နှင့် ကျန်းမာသူ ၈၉၂ ဦးကို နှိုင်းယှဉ် ခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းအရ ဖုန်းကြာကြာ ပြောလေ ဦးနှောက် အကျိတ်ဖြစ် ပွား နိုင်ခြေလည်း များလာလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ဆယ်နှစ်ကြာ စောင့်ကြည့်ပြီး စစ်တမ်းကို ပြုစု ထား ခြင်းဖြစ်သည်။
စစ်တမ်းကို ပြင်သစ်နိုင်ငံ ဘာဒေါ့ တက္ကသိုလ် သုတေသန အဖွဲ့က ပြုလုပ် ထားခြင်းဖြစ်ပြီး British Occupational and Environmental Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ ဖုန်း အလွန်အက၊ွံ အသုံးပြုခြင်း အန္တရာယ်ကို ယခု စစ်တမ်း က ထောက်ပြလျက် ရှိသည်။
မိုဘိုင်း ဖုန်းများမှ ထွက်သော လျှပ်စစ် သံလိုက်လှိုင်းသည် ကင်ဆာ ဖြစ်နိုင်ခြေ ရှိသည့် အကြောင်း ရင်းခံ တစ်ခုဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ကလည်း သတိပေးချက် ထုတ်ပြန် ထားသည်။ သို့သော် မိုဘိုင်းဖုန်း နည်းပညာများ တိုးတက် လာမှုကြောင့် လျှပ်စစ် သံလိုက်လှိုင်း ထုတ်လွှတ်မှု ပမာဏ များလည်း ပြောင်း လဲ နိုင်ရာ ဖုန်းများကြောင့် ကင်ဆာ ဖြစ်နိုင်ခြေ သည်လည်း အတက်အကျ ပြောင်းလဲမှု ရှိနိုင်ကြောင်း အစီရင် ခံစာတွင် ဖြည့်စွက် ရေးသား ထားသည်။
Source: Daily Mail
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)