မင်္ဂလာပစ္စည်း ကြွေးကျန်မရလို့ ကိုယ်ဝန်ဆောင် ဇနီးကို မီးနဲ့ရှို့သူ



ကျွဲရိုင်းတစ်ကောင်နဲ့ မော်တော်ဆိုင်ကယ် အပါအ၀င် မိန်းကလေးရှင်ဘက်မှ မင်္ဂလာပစ္စည်း အဖြစ် ပေးရန် ကျန်သည့် အရာများ မပေးနိုင်တဲ့ အတွက် ခုနှစ်လအရွယ် ကိုယ်ဝန်ဆောင်သည် Nepalese (အမေရိ ကန်ရောက် နီပေါ) မိခင်တစ်ဦးကို သူမရဲ့ ခင်ပွန်းက မီးရှို့ခဲ့ပါတယ်။

အသက် ၂၅နှစ်ရှိပြီ ဖြစ်တဲ့ Rihana Shekh Dhafali ဟာ သူမရဲ့ ခင်ပွန်း Fraid Sheikh က သူမကိုယ်ပေါ် ကို လောင်စာဆီတွေ လောင်းချပြီး မီးရှို့ခဲ့တဲ့အတွက် သူမလွယ်ထားတဲ့ ကိုယ်ဝန်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ မွေးအင်္ဂါကိုလည်း စီးကရက်မီးနဲ့ ရှို့ခဲ့တဲ့အတွက် သူမ ကလေးမွေးဖွားလို့ မရတော့ဘူး လို့ ပြောခဲ့ပါသေးတယ်။ သူမဟာ သူမရဲ့ခင်ပွန်းနဲ့အတူ အိန္ဒိယနိုင်ငံ မီရပါမှာ နေထိုင်သူဖြစ်ပြီး သူမ ကိုတော့ ခင်ပွန်းရဲ့ မိသားစုဝင် တစ်ဦးက ဆေးရုံလိုက်ပို့ပေးခဲ့ပြီး သူမကိုယ်သူမ မီးရှို့တယ်လို့ ပြောဆို ခိုင်းကြောင်း ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းမှ ပြောဆိုပါတယ်။

သူမရဲ့ ထိခိုက်ဒဏ်ရာများကို သိသိခြင်း ဖခင်ဖြစ်သူ Mohammad Samim Shekh Dhapali ဟာ အိန္ဒိယ ကို လိုက်လာခဲ့ပြီး သမီးဖြစ်သူကို သူတို့နေထိုင်ရာ နီပေါကို ပြန်ခေါ်ခဲ့ပါတယ်။ နီပေါရောက်တဲ့ အခါ မှာတော့ သမီးဖြစ်သူက သူမရဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်ဆိုးကို အမှန်အတိုင်း ပြောပြခဲ့ခြင်း ဖြစ် ပါတယ်။

ဖခင်ဖြစ်သူက လူ့အခွင့်အရေး အဖွဲ့အစည်းများကို သမီးဖြစ်သူရဲ့ အကြောင်းအရာများကို တိုင်ကြားထား ပါတယ်။ သူမကို ခင်ပွန်းရဲ့ မိသားစုက လက်တွေကို နောက်ပြန်ကြိုးနဲ့ ချည်ထားပြီး ခန္ဓာကိုယ်ပေါ် ကို လောင်စာဆီတွေ လောင်းချခဲ့ပြီး မီးရှို့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်းဟာ သူမကို မင်္ဂလာပစ္စည်းအဖြစ် ကျွဲရိုင်းနဲ့ ဆိုင်ကယ် ယူမလာတဲ့အတွက် အမြဲ အပြစ် တင် ပြောဆိုကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သူမဟာ ဆေးကုသနေဆဲ ဖြစ်ပြီး အဆိုပါ မီးရှို့ခံရမှုဟာ လွန်ခဲတဲ့ တစ်လလောက်က ဖြစ် ပျက်ခဲ့တယ် လို့ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး သူမရဲ့ ခင်ပွန်းနဲ့ သူ့အသိုင်းအ၀ိုင်း ကတော့ ခြေရာပျောက်နေတဲ့အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။

World-Myanmar
Thursday, May 8, 2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...