၂၀၁၄ ခုနှစ်အတွင်း အနုပညာရှင်တွေရဲ့ ဆံပင်ပုံစံအပြောင်းအလဲများ


မေသော် on 2014-05-12 15:29

အနုပညာရှင်ဆိုတာကတော့ ဖက်ရှင်မှာရော၊ အလှအပပိုင်းဆိုင်ရာမှာပါ ပရိသတ်တွေ ထက် ခေတ်ရှေ့ပြေးနေရမယ့်သူတွေပေါ့။ ဒီတော့ သူတို့ရဲ့အပြင်အဆင်တွေ ဘာတွေပြောင်းလဲ သွားတယ်၊ ဘယ်အရာကသူတို့နဲ့လိုက်ဖက်တယ်။ ကိုယ်တွေလည်းကြိုက်လို့ သူတို့လို ပြင်ဆင်ကြည့်မယ် စသဖြင့် ပရိသတ်တွေအနေနဲ့ အာရုံစိုက်မှုကို ခံရတတ်ကြပါတယ်။ ဒီတော့ ၂၀၁၄ အတွင်း သူတို့ရဲ့ ဆံပင်ပုံစံအပြောင်းအလဲလေးတွေ ဘာတွေရှိမလဲဆိုတာ ကြည့်လိုက်တဲ့အခါ

၁။Taylor Swift



ပခုံးလောက်ရှိတဲ့ ဆံပင်ကို တဖြည်းဖြည်းပုံစံ ပြောင်းရင်းနဲ့ ခုဆို bob and bangs ပုံစံမျိုးတောင် ပြောင်း လဲပစ်လိုက်ပါပြီ။ အတိုလေးဆိုပေမယ့် ကောက်ရင်လည်းလှ၊ ဖြောင့်ရင်လည်း လိုက်တဲ့ ပုံစံမျိုးပေါ့။

၂။Kate Bosworth



အမြဲတမ်းလိုလို ရွှေရောင်ဆံပင်နဲ့တွေ့နေကျ Kate Bosworth က ခုတော့ အနီရောင်သမ်းတဲ့ ဆံပင် အရောင်ပြောင်းဆိုးလိုက်ပါပြီ။ ဇာတ်ကားရိုက်ဖို့အတွက် ပြောင်းဆိုးလိုက်တာလို့ သိရပါတယ်။

၃။Katie Holmes



နှစ်ခါပြန်ငေးကြည့်သွားရမယ့် Katie Holmes ရဲ့ ဆံပင်ပုံစံကတော့ အဖြောင့်ပုံစံကနေ bangs ပုံစံဖြစ်သွားတာမို့ အရင်ကထက်တောင် ပိုနုပျိုသွားပါသေးတယ်။

၎။Naya Rivera



ဲNaya Rivera ရဲ့ ဆံပင်အရောင်ကလည်း တကယ့်ကို သူနဲ့လိုက်ဖက်လှပါတယ်။ ခုလို အညိုပြောင်း ရခြင်းဟာ သူမနှစ်သက်သဘောကျလွန်းရတဲ့ Jennifer Lopez ရဲ့ အရောင်အတိုင်း လိုက်ပြောင်း ထားတာလို့ သူမက ဆိုခဲ့ပါတယ်။

၅။Nicole Richie



အပြောင်းအလဲတွေ၊ အဆန်းကြီးတွေ လုပ်ပြရတာ နှစ်သက်တဲ့ Nicole Richie ရဲ့ ခရမ်းရောင် ဆံပင် ကတော့ အနုပညာရှင်တွေ လုပ်လေ့လုပ်ထမရှိတဲ့ အရောင်ဖြစ်သွားပါတယ်။

၆။Emma Stone



ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရပြီးသား Emma Stone ရဲ့ ရွှေရောင်ကာလာကနေ အနီသမ်းတဲ့ ကာလာကို ပြောင်းဆိုးလိုက်ပြီးတဲ့ နောက်ပိုင်းမှာလည်း သူမဟာ အရင်လို ပရိသတ်ရဲ့ သဘောကျနှစ်သက်ခြင်းကို ခံနေရဆဲပါ။

Ref:luckymag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...