ဓာတ်မတည့် လက္ခဏာပြခြင်း ဆိုင်ရာ ထူးဆန်းလက္ခာဏာ ၈ချက်


သီဟနိုင် on 2014-05-19 16:30

ဓာတ်မတည့်မှု ဖြစ်တာက ဆိုးပါတယ်။ အမေရိကန် ဓာတ်မတည့်၊ ပန်းနာ၊ ကိုယ်ခံအားဗေဒ တက္ကသိုလ်ရဲ့ အဆိုအရ အမေရိကန်နိုင်ငံသား ၅သန်းကျော်ဟာ တူညီတဲ့ ဓာတ်မတည့်မှု ဖြစ်နေကြပါတယ်။

အိမ်ပြင်ဘက် နဲ့ အတွင်းဘက် ရှိ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ အရာတွေကြောင့် နှာရည်တောက်တောက် ကျတာ၊ နှာချေတာ စတဲ့ အပျော့စား ဓာတ်မတည့်လက္ခာပြတာတွေကို ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကနေ တုံ့ပြန်ပါတယ်။ တစ်ခါတလေတော့ အူနာတာ၊ မူးနောက်တာ၊ အသက်ရှုကျပ်တာမျိုးတွေ အထိ ပိုဆိုး လာပါတော့တယ်။

ဒါပေမဲ့ ဓာတ်မတည့်မှုခံစားရသူ တချို့ဟာ ပိုပြီးတော့ ထူးထူးဆန်းဆန်း တုံ့ပြန်ကြပါတယ်။

ဓာတ်မတည့် လက္ခဏာပြခြင်း ဆိုင်ရာ ထူးဆန်းလက္ခာဏာ ၈ချက်ကို လေ့လာကြည့်ရအောင်။

၁။ မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ် တွင် အဖုအပိမ့် အနီကွက်ထပြီး ယားယံခြင်း



၁၁နှစ်သား ကောင်လေးတစ်ယောက်ဟာ လက်ပတ်တွေပတ်ထားပြီးတဲ့ နောက် သူ့ဝမ်းဗိုက်နဲ့ လက်ပတ် နာရီပတ်ထားတဲ့ လက်ကောက်ဝတ်အောက်မှာ မိတ်၊ အင်ပျဉ်လို အရေပြားမှာ အဖုအပိမ့် အနီကွက်တွေ ထွက်လာတယ် လို့ အရေပြားနီပြီး ရောင်အန်းနာကျင်ခြင်း ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ၂၀၀၄ ခုနှစ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကောင်လေးက နီကယ်ဒြပ်စင်နဲ့ ဓာတ်မတည့်တာပါ။ ငွေရောင်ဒြပ်စစ် သတ္တုကို တခြားသတ္တုတွေနဲ့ရောတာ ဒင်္ဂါးတွေ၊ ကျောက်စီ မျက်မှန်ကိုင်းတွေ၊ သော့ နဲ့ အိမ်မီးဆိုင်းတွေမှာ တွေ့ရပါတယ်။ လူတွေမှာ ဖြစ်လေ့ဖြစ် ထအများဆုံး ဓာတ်မတည့်တဲ့သတ္တုကတော့ နီကယ်ဒြပ်စင်ပါပဲ။ နီ မယ်၊ ယားမယ်၊ အဖုအပိမ့်တွေ ထွက်ပါ မယ်။

၂။ ဆဲလ်ဖုန်းပြောရင်း မူးဝေလာခြင်း



ဆဲလ်ဖုန်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လျှပ်စစ်သံလိုက် စက်ကွင်းတွေနဲ့ ထိတွေ့ရတဲ့ မျက်နှာပြင်ပြား တီဗွီတွေ နဲ့ မိုဘိုင်းဖုန်းတွေဟာ တော်တော်လေးကို ကြိမ်နှုန်းနည်းကြပါတယ်။ ဒါပေမဲ့ လျှပ်စစ်သံလိုက် စက်ကွင်းနဲ့ ဓာတ်မတည့်သူတွေရဲ့ အဖြစ်အပျက်တချို့ကတော့ မူးနောက်လာခြင်း၊ ပျို့အန်လာခြင်း၊ အိပ်မပျော်ရောဂါဖြစ်ခြင်း တွေပါပဲ။

၃။ မျိုးပွားအင်္ဂါပေါ်တွင် အနာဖြစ်ခြင်း။



အရေပြားပေါ်မှာ အနာဖြစ်တာတွေထဲက ထူးထူးဆန်းဆန်း တစ်ခုကတော့ မျိုးပွားအင်္ဂါပေါ်မှာ အနာဖြစ်တာ ပါပဲ။ ဒါဟာ လိင်ဆက်ဆံမှုကနေရလာတဲ့ ကူးစက်ရောဂါ လုံးဝ မဟုတ်ပါဘူး။

လိင်မှုဆေးပညာ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အသက် ၄၂နှစ်အရွယ် အမျိုးသား တစ်ယောက်ဟာ ယောနိလိမ်း ဆေးခရင်မ် သုံးထားတဲ့ အမျိုးသမီးအဖော်နဲ့ လိင်ဆက်ဆံပြီးတဲ့ နောက်မှာ ဓာတ်မတည့်လက္ခဏာ ပြလာတယ်လို့ သိရပါတယ်။

ယောနိလိမ်း ခရင်မ်အများစုမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားကာကွယ်တဲ့ ပဋိဇီဝဆေးတစ်မျိုးဖြစ်တဲ့ cotrimoxazole နဲ့ အဲ့ဒီ့အမျိုးသားက ဓာတ်မတည့်ပါဘူး။ သူဟာ သူ့ဇနီးနဲ့ လိင်ဆက်ဆံပြီးတဲ့နောက် သူ့မျိုးပွားအင်္ဂါပေါ်မှာ ထူးထူးဆန်းဆန်း အနာဖြစ်ခဲ့ပါတယ်။

ဒါဟာ ယောနိလိမ်းခရင်မ်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုကို တင်ပြချက်တွေထဲက လေးခုမြောက်ပါ။

၎။ အရေပြား အကျိတ်များ



တက်တူး ထိုးထားတဲ့သူတချို့မှာ ထူးထူးဆန်းဆန်း အရေပြားကြီးထွားမှုကို တွေ့ရပါတယ်။ Maryland တက္ကသိုလ် သုတေသီများက ၂၀၀၈ခုနှစ်မှာ တင်ပြခဲ့တဲ့ အဖြစ်အပျက်တစ်ခုအရ၊ အသက် ၃၈နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဟာ တက်တူးထိုးပြီးတဲ့နောက် တစ်လအကြာမှာ အရေပြားအကျိတ် ပေါက်လာခဲ့ တယ်လို့ သိရပါတယ်။

အရေပြားဆိုင်ရာ ရောဂါပိုးမွှားဗေဒ ဂျာနယ်မှာ ၂၀၁၀ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာတွေ့ရှိ ချက် နောက်တစ်မျိုးမှာ၊ တက်တူးကြောင့်ဖြစ်တဲ့ အရေပြားအကျိတ်ပေါက်သူ (၈)ယောက်ကို လေ့လာ သုံးသပ်ခဲ့ပြီး အရေပြားအကျိတ်အများစုဟာ တက်တူးမင် အနီရောင်ကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

၅။ ရည်ကြည်ဖုတွေနဲ့ ပြည့်နှက်နေသော အရေပြား



နေရောင်နဲ့ ဓာတ်မတည့်တဲ့သူတွေဟာ နေရောင်နဲ့ထိတွေ့တဲ့အခါ ရည်ကြည်ဖုတွေနဲ့ အရေပြားမှာ ပြည့်နှက်သွားတဲ့ ရောဂါလက္ခဏာမျိုးကို တွေ့ကြုံခံစားရလေ့ရှိပါတယ်။

နေရောင်ကြောင့် သာမန်မဟုတ်တဲ့ ဓာတ်မတည့်လက္ခဏာပြခြင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။

၆။ အရေပြားပေါ်က အမဲစက်များ



မိတ်၊ အင်ပျဉ်လို အရေပြားပေါ်မှာ အဖုအပိမ့် အနီကွက်ထတာဟာ တိုက်ကပ်နွယ်ပင် အဆိပ်ကြောင့် ဒါမှမဟုတ် ၀က်သစ်ချပင် အဆိပ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓာတ်မတည့်မှုမျိုးပါ။ ဒါပေမဲ့ အရေပြားနီ ရောင်အမ်းနာ ဂျာနယ်မှာ ၂၀၀၈ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အမဲစက်တွေ ဖြစ်လာတဲ့ ရှားပါး အဖြစ်အပျက်တွေလည်း ရှိတယ်ဆိုတာ သိရပါတယ်။

အရေပြားပေါ်က အမဲစက်တွေဟာ သစ်စေး၊ အဆိပ်ရှိ အပင်ရဲ့ အဆီဓာတ် တွေနဲ့ လေ ထိတွေ့ကြတဲ့ အခါ ဖြစ်လာပါတယ်။ ဒီအမဲစက်တွေဟာ နောက်တော့ ကွာကျသွားပြီး အရေပြားမှာ အမာရွတ်မထင် ကျန်ဘဲ အနာကျက်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။

၇။ လျှာ ဖူးရောင်ခြင်း



ပန်းဝတ်မှုန်ကြောင့် နှာစေး၊ ချောင်းဆိုးပြီး ဖျားသူတွေဟာ နှာစေး၊ ချောင်းဆိုးအပြင် တခြားစိတ်ပူစရာ အချက်တွေရှိပါတယ်။ တချို့ သစ်သီးတွေနဲ့ အသီးအရွက်တွေမှာ ပန်းဝတ်မှုန်မှာ ပါတဲ့ ပရိုတိန်းမျိုး ပါရှိပါတယ်။ ယားယံတာ ဒါမှမဟုတ် ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း နာတာမျိုး ဓာတ်မတည့်လက္ခာတွေ ပြလာနိုင်ပါတယ်။

၈။ ဘာဘွန်း ရောဂါလက္ခဏာ



သတ္တုတစ်မျိုးမျိုး၊ ဆေးဝါးတစ်မျိုးမျိုး၊ အပင်၊ ဆေးပင် တစ်မျိုးမျိုးနဲ့ ထိတွေ့မိသူတွေဟာ ဘာဘွန်း ရောဂါ လက္ခဏာ ပြလာနိုင်ပါတယ်။ ဘာဘွန်းဆိုတာကတော့ ခွေးနဲ့မျက်နှာဆင်တဲ့ အာဖရိက မျောက်ကြီး တစ်မျိုးပါ။ ဒီဓာတ်မတည့်မှုမျိုးဟာ ဘာဘွန်းရောဂါလက္ခဏာဆိုတဲ့အတိုင်း တင်ပါးတစ်ခြမ်းပေါ်မှာ အနီရောင်တောက်တောက် အဖုအပိမ့်ထတတ်ပါတယ်။ အဖုအပိမ့်ဟာ စအို၊ မျိုးပွားအင်္ဂါ၊ ပေါင် အတွင်းခြမ်းတွေ ပေါ်မှာ ပေါ်တတ်ပြီး ယားယံတာ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါ လက္ခဏာဟာ ကျန်းမာရေးအန္တရာယ် သိပ်ကြီးကြီးမားမား တစ်စုံတရာ မရှိပါဘူး။

Ref:livescience.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...