ယာယီတက်တူးတွေ မထိုးကြစေဖို့ FDA (အစားအစာနှင့်ဆေးဝါးကွပ်ကဲရေး) သတိပေး


သီဟနိုင် on 2014-05-19 12:48

ယာယီတက်တူးတွေ မထိုးကြစေဖို့ FDA (အစားအစာ နဲ့ ဆေးဝါး ကွပ်ကဲရေး) က သတိပေးပြောကြား လိုက်ပါတယ်။

ဆက်လက်ခေတ်စားနေတဲ့ ယာယီတက်တူးတွေဟာ မနာကျင်စေဖို့ နဲ့ သေရာပါ မင်မဆွဲသွားစေဖို့ လွယ်ကူတဲ့ ရွေးချယ်စရာ တစ်ခုလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ယာယီတက်တူးတွေဟာ အန္တရာယ် မကင်းကြောင်း ယာယီတက်တူးထိုးကြသူတွေကို FDA က သတိပေးနေပါတယ်။ ယာယီ တက်တူးတွေဟာ ဓာတ်မတည့် တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တယ်လို့ FDA တာဝန်ရှိသူတွေက အဖွဲ့အစည်းရဲ့ ၀ဘ်ဆိုဒ်မှာလုပ်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ သတိပေးပြောကြားခဲ့ပါတယ်။

“ယာယီတက်တူးထိုးသူတွေအနေနဲ့ ဖြစ်လာတဲ့ ဓာတ်မတည့်တဲ့ လက္ခာပြချက်တွေကို အစိုးရဆီတင်ပြပေးဖို့ FDA က မေတ္တာရပ်ခံထားပါတယ်။” လို့ အလှကုန် နှင့် အရောင် FDA ရုံးက အရေပြားပညာရှင် Katherine Hollinger ကပြောခဲ့ပါတယ်။ တစ်နှစ်ကို ဓာတ်မတည့်တဲ့ လက္ခဏာပြသူ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကိုတော့ FDA က လောလောဆယ် အချက်အလက်တစ်စုံတရာ မထုတ်ပြန်နိုင်သေးပါဘူး။

“ယာယီတက်တူးကြောင့်သော်လည်းကောင်း၊ အလှကုန်ပစ္စည်းတစ်ခုခုကြောင့်သော်လည်းကောင်း ဓာတ်မတည့်တဲ့လက္ခဏာ တစ်စုံတစ်ရာ ပြလာခဲ့ရင် FDA က သင့်ကို သိစေချင်တဲ့ အချက်တွေ ရှိပါတယ်။” လို့ သူမက ပြောပါတယ်။

“ဓာတ်မတည့် လက္ခဏာပြခြင်း ဆိုင်ရာ ထူးဆန်းလက္ခာဏာ ၈ ချက်” ကို click ပြီး လေ့လာနိုင်ပါတယ်။

Ref:foxnews.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...