လပေါ်တွင် အင်တာနက် အသုံးပြုနိုင်မည်



လပေါ်တွင် လေ၊ ရေ တို့ တည်ရှိသကဲ့သို့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ ယခုအခါ တွင် လပေါ် ၌ အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို MIT နှင့် နာဆာတို့က တွေ့ရှိပြီဖြစ်သည်။
အဖွဲ့အစည်းနှစ်ခုက ကမ္ဘာမြေပေါ်တွင်သာ အသုံးပြုနိုင်သေးသည့် အင်တာနက်ကို လပေါ်တွင် အသုံးပြုနိုင် မည့် သတင်းအချက်အလက် ဆက်သွယ်မှု နည်းပညာကို ပထမဆုံး အကြိမ် သရုပ်ပြခဲ့ပါသည်။ သူတို့၏ နည်းပညာသည် ကြီးမားသည့် ဒေတာ ပမာဏ နှင့် High Definition Video များကိုပါ ကြည့်ရှုနိုင်ပါသည်။

လပေါ်သို့ ဒေတာများပေးပို့ရန် New Mexico တွင် တည်ရှိသော အဝေးကြည့်မှန်ပြောင်းလေးခုကို အသုံးပြုပါသည်။ မှန်ပြောင်းတစ်ခုစီတွင် သတင်းအချက်အလက် များပေးပို့နိုင်သော လေဆာထုတ်လွှင့် သည့် ကိရိယာတစ်ခုစီ တပ်ဆင်ထားပါသည်။

အဖွဲ့အစည်းနှစ်ခုသည် ကီလိုမီတာ (၃၈၄၆၃၃) ကွာဝေးသည့် ကမ္ဘာမြေနှင့်လကြားတွင် 19.44Mbps အမြန်နှုန်းဖြင့် ဒေတာများ ပေးပို့ခဲ့ပြီး Download Speed မှာ 622Mbps ဖြစ်ပါသည်။ ကမ္ဘာမြေမှ ပေးပို့ လိုက်သော လေဆာ ရောင်ခြည်များကို လပတ်လမ်းကြောင်းရှိ Satellite တွင် တပ်ဆင်ထားသည့် အဝေးကြည့်မှန်ပြောင်းမှ ဖမ်းယူမည် ဖြစ်သည်။ ထို့နောက် လေဆာရောင်ခြည်များကို သတင်းအချက် အလက်များအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါသည်။

Nasa နှင့် MIT တို့သည် သူတို့၏ တွေ့ရှိမှုကို ဇွန်လ ကိုးရက်နေ့တွင် ကယ်လီဖိုးနီးယား ၌ ကျင်းပမည့် CLEO Laser Technology Conference တွင် ပြသမည် ဖြစ်သည်။ သူတို့၏ ကမ္ဘာမြေနှင့် လကြား တွင် လေဆာရောင်ခြည် ဆက်သွယ်မှုသည် RF Signals က ယခင်တင်ထားခဲ့သည့် စံချိန်ကို မည်သို့ ချိုးဖျက်ခဲ့သည်ကို Nasa နှင့် MIT က ရှင်းလင်း ပြသမည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...