ဂျာမနီနိုင်ငံက လက်ချောင်းအားပြိုင်ပွဲ

အေသင်အောင်

ဂျာမနီနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အားကစား ပြိုင်ပွဲတစ်ခုဟာ မြင်တွေ့နေကြ ပုံစံမျိုး မဟုတ်ဘဲ အနည်းငယ် ထူးခြားနေတာ တွေ့ရပါ တယ်။ ပြိုင်ပွဲ ၀င်တွေဟာ သူတို့ရဲ့လက်ချောင်းကို အားပြုပြီး ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်း တစ်မျိုး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဂျာမနီနိုင်ငံတောင်ပိုင်း ရီချက်ရှို ဖန်မြို့မှာ ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ် တော့ ဒီပြိုင်ပွဲဟာ ရိုးရာအားကစားပြိုင်ပွဲ တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံတောင်ပိုင်း အပြင် သြစတြီးယား နိုင်ငံမှာလည်း ကစားလေ့ရှိပါတယ်။ လက်ချောင်းတွေကို အားပြုပြီး ယှဉ်ပြိုင်ရ တာဖြစ်ပေမယ့် ပြိုင်ပွဲဝင် အများစုဟာ လက်ခလယ်ကို အသုံးပြုပြီး ယှဉ်ပြိုင်လေ့ရှိပါ တယ်။

ပြိုင်ပွဲဝင်နှစ်ဦးကို ခုံတစ်ခုံစီမှာ ထိုင်ခိုင်းပြီး အလယ်မှာ စားပွဲခုံတစ်ခုံချထားပါတယ်။ ဒီနောက် ပြိုင်ပွဲဝင်နှစ်ဦး ကို သားရေ ကြိုးတစ်ခုကိုပေးပြီး ကိုယ်သန်ရာ လက်ချောင်းနဲ့ အပြန်အလှန် ဆွဲစေခဲ့ပါတယ်။ ပြိုင်ပွဲ ၀င်နှစ်ဦးရဲ့ ကြားထဲမှာ ဒိုင်လူကြီးတစ်ဦးကို ထားရှိစေပါတယ်။ ဒိုင်လူကြီးက ပြိုင်ပွဲဝင် နှစ်ဦးရဲ့ လက်နှစ်ချောင်းကိုကိုင်ပြီး သားရေကြိုး ကို အပြန်အလှန် ဆွဲစေခြင်း ဖြစ်ပါတယ်။ ဒီနောက် ပြိုင်ပွဲဝင် နှစ်ဦး ဟာ သူတို့တွေရဲ့ ခွန်အားကို အသုံး ပြုပြီး အပြန်အလှန်ဆွဲကြရာ သားရေကြိုးကိုပါ အောင်ဆွဲနိုင်သူက အနိုင်ရသူအဖြစ် သတ်မှတ်ခြင်းခံရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ခွန်အားကိုအသုံးပြုရ တာမို့ ထိခိုက် ဒဏ်ရာ ရမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကြီးကြပ်ရေး တာဝန်ရှိသူတွေ ကတော့ ၀ိတ်တန်း ညီမျှ သွားအောင် ခွဲဝေပြီး ပြိုင်ပွဲဝင် စေခဲ့ပါတယ်။ ကိုယ်အလေးချိန် (၁၄) စတုန်အထက် ရောက်ရှိနေသူတွေ ကတော့ ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကိုယ်အလေးချိန် လိုက်ပြီး ခွဲတမ်းချယှဉ်ပြိုင်စေခဲ့ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...