အသက်(၈၄)နှစ် အရွယ် အဘွားအိုကို ရိုက်နှက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ သေဒဏ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိ

အေသင်အောင်

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၂) နှစ် အရွယ် အမျိုးသား တစ်ဦးဟာ အသက်(၈၄)နှစ် အရွယ်ရှိ အဘွားအိုတစ်ဦးကို ရိုက်နှက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာမို့ သေ ဒဏ်ပြစ်ဒဏ် ချမှတ် ခံရဖွယ် ရှိတယ်လို သိရှိရပါတယ်။

တိုင်ရိုနီဟာ အသက်(၈၄) နှစ် အရွယ် နန်စီနဲ့ အသက် (၈၉) နှစ်အရွယ် ဘော့တို့ လင်မယားကို ရိုက်နှက် ခဲ့ခြင်း ဖြစ်ပါတယ်။ တိုင်ရိုနီဟာ နန်စီတို့ ဇနီးမောင်နှံရဲ့ အိမ်ကို ၀င်ရောက်ပြီး ပစ္စည်းတွေ ယူဖို့ ကြိုးစားခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုင်ရိုနီဟာ နန်စီတို့ ဇနီးမောင်နှံဆီက တီဗီ တစ်လုံးနဲ့ ကားတစ်စီးကို လုယူ သွားခဲ့ပြီး မြို့အတွင်း လှည့်လည် မောင်းနှင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပါ တယ်။ တိုင်ရိုနီဟာ အဆိုပါဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်၊ မတ်(၂၄) ရက်မှာ ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေ ကတော့ တိုင်ရိုနီကို သေ ဒဏ်ပြစ်ဒဏ် ငါးကြိမ်အပြင် ထောင်ဒဏ်နှစ် (၄၀)ပါ ချမှတ်ဖို့ တောင်းဆိုထားပြီး ဒဏ်ငွေပေါင်(၁၀၀၀၀) လည်း တပ်ရိုက်ဖို့ တောင်းဆိုထားပါတယ်။ ဒီအမှုရဲ့ အပြီးသတ် ကြားနာမှုကိုလာမယ့် ဇူလိုင်လမှာ ပြုလုပ် သွားမှာဖြစ်ပြီး တိုင်ရိုနီဟာ သူ့ရဲ့ဘ၀ကို အကျဉ်းထောင်အတွင်းမှာပဲ ဖြတ်သန်းရဖို့ ရှိနေပါတယ်။

တိုင်ရိုနီဟာ စွဲချက်ခုနစ်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နန်စီကိုသတ်ဖြတ်ခဲ့မှု၊ အဓမ္မပြုကျင့်ခဲ့မှု၊ ဓါးပြတိုက် မှု၊ ဖောက်ထွင်းမှု၊ လက်နက်ကိုင် ဆောင်မှု စတဲ့ စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ တိုင်ရိုနီက အသက် (၈၄)နှစ်ရှိပြီဖြစ်တဲ့ နန်စီကို အဓမ္မပြုကျင့်ခဲ့ခြင်းမရှိဘူးလို့ ထွက်ဆိုခဲ့ပေမယ့် တရားရေးဆိုင်ရာ တာဝန်ရှိ သူတွေကတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။ နန်စီဟာ အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ သေဆုံးသွား ခဲ့ခြင်းဖြစ်ပြီး ဘော့ ကတော့ ရက်အတန်ကြာမှာ သေဆုံးသွားခဲ့ ခြင်းဖြစ်ပါတယ်။ ဘော့ဟာ ရိုက်နှက်ခဲ့ ရခြင်းထက် သူ့ရဲ့ရောဂါဝေဒနာကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ နန်စီရဲ့ သမီးဖြစ်သူ လာနိုရာက ကျွန်မ တို့ဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ အခုအပြီး သတ် စီရင်ချက်ကို ချမှတ်တော့မှာဖြစ်လို့ ကျေနပ်တဲ့ အဖြေတစ်ခုရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...