လက်နှစ်ဖက်စလုံး မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်တဲ့ အာဂအမျိုးသမီး

ဟန်လင်းအောင်

အသက်(၃၇)နှစ် အရွယ်ရှိ ဘာဘီသော မတ်စ်ဟာ ငယ်စဉ်ဘ၀က လျှပ်စစ် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာမို့ လက်နှစ်ဖက်စလုံးဆုံးရှုံးခဲ့ရပေ မယ့် ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားခဲ့တာမို့ အရာအားလုံးကို လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ လက်နှစ်ဖက် မရှိပေမယ့် အောင်မြင်တဲ့ ကာယဗလ ကစား သမားတစ်ဦး အဖြစ် ရပ်တည်နိုင်သလို သွားတိုက်ခြင်း၊ ဟင်းချက်ခြင်း၊ ကားမောင်းခြင်း၊ ဖုန်းဆက်ဆေ့ခ်ျ ပို့ခြင်း၊ ဈေးဝယ် ထွက်ခြင်းတို့ကိုလည်း ပြုလုပ် နိုင်စွမ်း ရှိပါတယ်။ သောမတ်စ်ဟာ ခြေထောက်နှစ်ဖက်နဲ့ အခြားသူတွေ လိုမျိုး လုပ်နိုင်ရမယ်ဆိုတဲ့ အတွေးခေါင်းထဲမှာ အစဉ်အမြဲထည့် ထားခဲ့ပါတယ်။

ကလေးနှစ်ယောက်မိခင် သောမတ်စ်ဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကာယဗလပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပရိသတ် ရဲ့ လက်ခုပ်သံကို ရယူနိုင်ခဲ့ပါတယ်။ သောမတ်စ်က ကျွန်မဟာ လူတိုင်း ကိုပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါက အရာအားလုံးကို လုပ်နိုင်စွမ်းရှိ ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမွေး ထားဖို့ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မွေးခဲ့ရင် ဘာမဆို လုပ်နိုင်မှာဖြစ်ပါ တယ် လို့ ပြောသွားခဲ့ပါ တယ်။ သောမတ်စ် ဟာ အိမ်ထောင်သုံးခါကျခဲ့ပြီး၊ ၂၀၀၃ မှာ ကာယဗလပြိုင်ပွဲကို စတင်ဝင်ရောက်ခဲ့ပါ တယ်။ ဒီလိုဝင်ရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင် မှုတွေ အများကြီး ပြုလုပ်ခဲ့ ရပါ တယ်။ ဒါပေမဲ့ လက်နှစ်ဖက် မရှိတာမို့ ပြိုင်ပွဲဝင်ဖို့ ငြင်းဆို ပယ်ချခံခဲ့ရပါတယ်။ မဆုတ်မနစ်ဇွဲနဲ့ ကြိုးစားခဲ့တာမို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်ပါတယ်။

သောမတ်စ်ဟာ အသက်နှစ်နှစ် အရွယ်မှာ ထရန်စဖော်မာကို လက်နဲ့ ကိုင်မိခဲ့လို့ လက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေက အသက်ရှင်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်ခဲ့ပေမယ့် ဘ၀ တစ်လျှောက်လုံး တိုက်ပွဲဝင်ကြိုးစားခဲ့ပါတယ်။ သောမတ်စ်က ကျွန်မကတော့ ဘာမှ ကွဲခြားမှုမရှိ ဘူးဆိုတဲ့ စိတ်ဓာတ် အမြဲတမ်း မွေးခဲ့ပါတယ်။ ကျွန်မမှာ ရှိတဲ့ ခြေထောက်နှစ်ဖက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ စိတ်ထဲမှာ လုပ်နိုင်စွမ်းအားကိုပဲ အမြဲတမ်း တွေးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းထားရှိခဲ့တာမို့ အရာအားလုံး ကို လုပ်နိုင်ခဲ့တာပါ လို့ ပြောသွားခဲ့ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...