အားလုံးပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ ဒိန်ခဲလုပွဲ

ဟန်လင်းအောင်

ဗြိန်တိန်မှာ ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာချီးမြှင့်တဲ့ ဆုကြေးက မက်လောက်စရာ မရှိပေမယ့် ပြိုင်ပွဲဝင် အရေအတွက်က ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲက ဒိန်ခဲလုပြိုင်ပွဲ ပဲဖြစ်ပါတယ်။ အလေးချိန် ရှစ်ပေါင်ရှိတဲ့ ဒိန်ခဲကို အ၀ိုင်းပုံစံ ထုတ်ပိုးပြီး တောင်စောင်း ကနေ လိမ့်ချလိုက်ပြီး အဲဒီဒိန်ခဲကို ပြိုင်ပွဲဝင်တွေက လိုက်လံဖမ်းဆီး ယူရပါတယ်။ ဒိန်ခဲကို ရယူနိုင်သူဟာ ချန်ပီယံ အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပြီး အလေး ချိန်ရှစ်ပေါင်ရှိတဲ့ ဒိန်ခဲကို အိမ်ကိုယူဆောင် သွားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အန္တရာယ် များတာမို့ ကျန်းမာရေးနဲ့ လုံခြုံရေးအကြောင်း ပြချက်တို့ကြောင့် ပိတ်ပင်ခြင်းခံ ထားရပါ တယ်။ အခုပြုလုပ်တဲ့ပြိုင်ပွဲကိုလည်း တရားမ၀င်ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ အသက် (၁၉) နှစ် သာ ရှိသေးတဲ့ ဂျို့စ်ရှီပတ်က ရရှိသွားခဲ့ပါတယ်။ ဂျို့စ်ရှီပတ်က ဒီပြိုင်ပွဲကို အရင်ကလည်း ၀င်ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ချန်ပီယံဆုကို ပထဆုံးအကြိမ် ရခဲ့တာဖြစ်ပါ တယ်။ လူတွေအများကြီး ၀င်ပြိုင်ရာကမှ ပထမနေရာရခဲ့လို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မြန်ပြေးပြီး ဒိန်ခဲနောက်လိုက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီဒိန်ခဲကြီးကို ဘာလုပ်ရမှန်းမသိပါဘူး။ ကျွန်တော်က ဒိန်ခဲ ကိုလည်းမကြိုက်ပါဘူး။ အပျော် သဘောနဲ့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ရဲ့စွမ်းဆောင်ရည် အတွက် ကျေနပ်မိပါတယ် လို့ပြောသွားခဲ့ပါ တယ်။ ဒိန်ခဲလုပွဲကို ပရိသတ်အမြောက်အများ လာရောက်ကြည့်ရှုခဲ့ပြီး တောင်စောင်းပေါ် ကနေ ဒလိမ့်ကောက်ကွေး ပြုတ်ကျတဲ့ပြိုင်ပွဲဝင် တစ်ချို့ရဲ့ ဖြစ်ရပ်က ဟာသတစ်ခုလိုဖြစ်ခဲ့ပြီး အားလုံး ရယ်မောပျော်ရွှင်စွာနဲ့ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...