ဗြိတိန်ဖျော်ဖြေပွဲတွင် အငြင်းပွားစရာ အခြေအနေများ ဖန်တီးခဲ့သည့် မိုင်လီ



ယခုနှစ် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အတွက် ဗြိတိန်မြေသို့ ဆိုက်ရောက်လာပြီး ပထမဆုံး ဖျော်ဖြေသည့် အစီအစဉ်တွင်ပင် မိုင်လီဆိုင်းရပ်စ် အနေဖြင့် အငြင်းပွားဖွယ် အခြေအနေများကို ဖန်တီးခဲ့သည်။ ဝတ်စားဆင်ယင်ပုံနှင့် အပြုအမူပိုင်းများအတွက် ဝေဖန်မှုများ ကြုံနေရသည့် အမေရိကန် Pop ဂီတစတား အဆိုတော်သည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီးတွင် ပြုလုပ်သော ဖျော်ဖြေပွဲ ၌ ဒေါ်လာငွေများကို သီ၍ချုပ်ထားသည့် ဖက်ရှင်မျိုး ဝတ်စုံအပြင် မျက်စိအမြင် ရှုပ်ထွေးစရာ အဝတ်အစား အမျိုးမျိုးကို လဲလှယ်ဝတ်ဆင်သွားသည်။



ထို့အပြင် သီဆိုဖျော်ဖြေမှု အစီအစဉ် အတောအတွင်း လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်သည့် ပွင့်လင်းဆိုး ရွားသော အမူအယာမျိုး (၁၀)ကြိမ်ထက်မနည်း လုပ်ပြသွားခဲ့သည်။ အဆိုးဆုံးမှာ လိင်တူချင်း ချစ်ကြိုက်ရန် မိန့်ခွန်းသဘောမျိုး တိုက်တွန်းပြောဆိုသွားပြီး ပရိသတ်များကို ဆေးသုံးသည့် အလေ့အကျင့် ပြုလုပ်ရန်ပါ စည်းရုံးသွားခြင်း ဖြစ်သည်။ “ရေသောက်တယ်။ ပြီးတော့ ပရိသက်ကို လှည့်ထွေးလိုက်သေးတယ်”ဟု မျက်မြင်တစ်ဦးက ဆိုသည်။



အခြားပရိသတ် တစ်ဦးက “သူက ပရိသတ်တွေကြားမှာ လိင်တူချစ်ကြိုက်တဲ့သူတွေ ပါလာရင် အချင်းချင်း ဖက်နမ်းလိုက်ကြပါလို့ တိုက်တွန်းတယ်။ ပြီးတော့ သူတို့ပုံတွေကို ကင်မရာချိန်ပြီး Screenအကြီးကြီးပေါ် မှာ ပြပေးမယ်။ ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်ပြလိုက်ပါလို့ အော်နေခဲ့တယ်” ဟု လည်း ပြောကြားခဲ့သည်။ ထို့အပြင် မိုင်လီသည် ပရိသတ်များ အနေဖြင့် အရက်များများသောက် ပြီး ဆေးပြားများများသုံးရန် မျှော်လင့်ပါသည်ဟု အော်ဟစ် သွားသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
May 07 14 - 07:53 AM










ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...