ခန္ဓာကိုယ်အလှကို အသားပေးခြင်းဖြင့် အောင်မြင်ခဲ့သည့် ဘေဘီမောင် ခေါင်းဆောင် မင်းသမီး အဖြစ် ရိုက်မည်
ခန္ဓာကိုယ်အလှကို အသားပေး ဖော်ပြခြင်းကြောင့် ပရိသတ်များ၏ စိတ်ဝင်စားခြင်းခံရသည့် မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်သည် ယခု အခါတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ရန် အတွက် ဗီဒီယို ထုတ်လုပ်ရေးများက ကမ်းလှမ်းမှုများ ရှိလာသည်ဟု ဘေဘီမောင် က မဇ္စျိမ သို့ ပြောသည်။
“နားလည်မှုတွေ နဲ့ အနုပညာအလုပ်တွေကို လုပ်သွားမှာပါ ” ဟု ဘေဘီမောင် က ပြောသည်။
မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်ကို Lucky Place ၊ သင်္ကေတ နှင့် စိတ္တအာရုဏ်တို့က ခေါင်းဆောင် မင်းသမီးအဖြစ် လွန်ခဲ့သည့် တစ်လခန့်က ကမ်းလှမ်းခြင်းခံရပြီး မေလကုန်တွင် ယင်းထုတ်လုပ်ရေး၏ ဇာတ်ကားများကို စတင်ရိုက်ကူးမည် ဖြစ်သည်။
မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်သည် ခန္ဓာကိုယ် အသားပေး အလှအပ ဖက်ရှင်များ ရိုက်ကူးမှုသည် ပရိသတ်များကြား ထင်ရှားခဲ့သူဖြစ်ပြီး ဗီဒီယို ဇာတ်ကား ခုနှစ်ကားတွင် ဒုတိယ မင်းသမီး အနေဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခု ကမ်းလှမ်းလာသော ဇာတ်ကားများသည် ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်း ဇာတ်ကားများ ရိုက်ကူးရန် အတွက် ဇာတ်ကားနှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို ကြိုတင်လေ့ လာလျက်ရှိပြီး ယင်းဇာတ်ကားများအတွက် ဇာတ်ဝင်ခန်း အဝတ်အစားများကို ဇာတ်ကောင် စရိုက်များ အရ ဝတ်ဆင်သွားမည်ဟု ဆိုသည်။
မော်ဒယ် သရုပ်ဆောင် ဘေဘီမောင် သည် ၂ဝဝ၉ ခုနှစ်တွင် Star & Model Internationalမှ တက်ရောက် ပြီး ၂ဝ၁ဝခုနှစ်တွင် ဂျာနယ်၊ မဂ္ဂဇင်းများ၌ ပရိသတ်များ၏ စိတ်ဝင်စားခြင်းခံရသူ ဖြစ်လာခဲ့ သည်။
Mizzima News
- (အရှေ့သို့) Nokia က ဒုတိယ Android Smartphone ကို ရောင်းချ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း