ချစ်သူနဲ လက်ထပ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဖေနဲ့ အစ်ကို အပါအ၀င် မိသားစုဝင် အယောက် ၂၀ က တရားရုံးရှေ့ မှာတင် အုတ်ခဲနဲ့ ထုသတ်


ye wint aung on 2014-05-28 15:23

ပါကစ္စတန် အထက်တရားရုံးရှေ့ မှာ ကိုယ်ဝန်ဆောင်မိန်းကလေးကို သူမချစ်တဲ့သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် မိသားစုဝင် ၂၀ ခန့် က ကျောက်ခဲနဲ့ ထုသတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသမီးရဲ့ အဖေနဲ့ အစ်ကိုတွေ အပါအ၀င် မိသားစုဝင် အယောက် ၂၀ လောက်ဟာ သူမကို ကျောက် ခဲတွေ နဲ့ ဝိုင်းဝန်းထုနှက်ခဲ့ပြီး သူမရဲ့ ယောင်္ကျားဖြစ်သူကိုတော့ နံပါတ်တုတ်တွေ အုတ်ခဲတွေနဲ့ ဝိုင်းရိုက် ခဲ့ကြပါတယ်။

ကိုယ်ဝန်သုံးလရှိပြီဖြစ်တဲ့ Farzana Parvenn ဟာ Lahore အထက်တရားရုံးတော် ရှေ့ မှာတင် လူတွေ ၀ိုင်းကြည့်နေတဲ့ကြားက သေဆုံးခဲ့ရတယ်လို့ ရဲတွေက အစီရင်ခံထားပါတယ်။

၂၅ နှစ်အရွယ်သာရှိသေးတဲ့ ကောင်မလေးဟာ သူမချစ်သူ Mohammad Iqbal နဲ့ သူမ မိသားစုဆန္ဒကို ဆန့်  ကျင်ပြီး စေ့စပ်ထားခဲ့တာ နှစ်အတော်ကြာခဲ့ပြီးနောက် လက်ထပ်ထိမ်းမြားခဲ့တာပါ။ သူမရဲ့ ဖခင်ဟာ Mohammad ကို သွေးဆောင်ဖျားယောင်းမှုနဲ့ တရားစွဲဆိုထားခဲ့ပြီး သူမတို့ စုံတွဲက ဒီအမှုကို ခုခံ ကာကွယ်နေ တာဖြစ်တယ်လို့ မိန်းကလေးရဲ့ ရှေ့ နေ Mustafa Kharal က ပြောပြခဲ့ပါတယ်။

ပါကစ္စတန်ရှေးရိုးစွဲဝါဒီတွေအကြားမှာ အချစ်ကြောင့် လက်ထပ်ခြင်းဟာ ပြစ်မှုချိုးဖောက်ခြင်းအဖြစ် သတ်မှတ်ခံ ရပြီး မိသားစုက စီစဉ်ပေးတဲ့ လက်ထပ်မှုကမှ သင့်လျော်တယ်လို့ သတ်မှတ်ထားကြပါတယ်။

မူဆလင်ဘာသာ အဓိကကိုးကွယ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ‘မြင့်မြတ်ဂုဏ်ယူစရာ သတ်ဖြတ်ခြင်း” လို့  သမုတ်ကြတဲ့ သတ်ဖြတ်မှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း အမျိုးသမီးရာနဲ့ ချီသေဆုံးလျက်ရှိပါတယ်။ ဒီသတ်ဖြတ်မှုတွေကို မိသားစုဝင်ဖြစ်တဲ့ ခင်ပွန်းနဲ့ ဆွေမျိုးသားချင်းတွေကပဲ ပြုလုပ်ကြပြီး သားမယားပြစ်မှား မှုနဲ့  မတော်လျော်တဲ့ လိင်ကိစ္စတွေမှာ အပြစ်ပေးတဲ့အနေနဲ့ သတ်တာလို့ ဆိုပါတယ်။

ရှေ့ နေအဆိုအရ မိသားစုဝင်တွေဟာ သူတို့ ဇနီးမောင်နှံတရားရုံးက ဆင်းလာတာကို လမ်းမမှာ စောင့် ဆိုင်းနေကြပြီး ခင်ပွန်းဖြစ်သူ Iqbal ဆီက သူမကို အတင်းလုယူခဲ့ကြတယ်လို့ ဆိုပါတယ်။ သူမက ပြန်ခုခံ တဲ့အခါ သူမအဖေ၊ အကိုနဲ့ တခြားဆွေမျိုးတွေဟာ သူမကို ၀ိုင်းဝန်းရိုက်နှက်ကြပြီး အနီးနား ဆောက် လုပ်ရေးလုပ်ငန်းခွင်က အုတ်ခဲတွေနဲ့ သူမကို ထုသတ်ခဲ့တယ်လို့ Iqbal က ကြေကွဲဖွယ်ရာ ပြန်ပြောပြခဲ့ ပါတယ်။

အသက် ၄၅ နှစ်အရွယ် Iqbal ဟာ သူဟာ ပထမအိမ်ထောင်နဲ့ ကလေးငါးယောက်ရခဲ့ပြီး ပထမ အိမ်ထောင်ဟာ သေဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။

ပါကစ္စတန်လူ့ အခွင့်အရေးကော်မရှင် ရဲ့ အစီရင်ခံစာတစ်ခုမှာ ၂၀၁၃ ခုနှစ်အတွင်း ‘မြင့်မြတ်ဂုဏ်ယူစရာ သတ်ဖြတ်ခြင်း’ ကြောင့် အမျိုးသမီး ၈၆၉ ဦးသေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


Mohammad Iqbal ကို ဇနီးအလောင်းနားတွင် တွေ့ ရစဉ်


Ref: Dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...