မိုဘိုင်းငွေပေးချေ စနစ်အတွက် iPhone 6 တွင် NFC နည်းပညာကို Apple အသုံးပြုဖွယ်ရှိ


photo;www.global-tag.com
 
iPhone တွင် near-field communication (NFC) နည်းပညာကို Apple ကပေါင်းစပ်ထည့်သွင်းရန် စီစဉ်နေသည့် သတင်းသည် နှစ်စဉ်ထွက်ပေါ်နေကျ သတင်းဖြစ်သော်လည်း မိုဘိုင်းငွေပေးချေစနစ်အတွက် အဆိုပါနည်းပညာကို iPhone 6 ၌မြင်တွေ့ရဖွယ်ရှိကြောင်း Morgan Stanley မှသုတေသီများကပြောကြား ခဲ့သည်။

Morgan Stanley လေ့လာဆန်းစစ်သူအဖွဲ့က Apple အနေဖြင့် NFC နှင့်ပတ်သက်၍ နှုတ်ဆိတ်နေသော် လည်း AirDrop နှင့် iBecons ကဲ့သို့သော တိုတောင်းသည့် အကွာအဝေးအတွင်း ဆက်သွယ်မှုပြုလုပ်နိုင် သည့် feature များအတွက် Wi-Fi နှင့် Bluetooth ကဲ့သို့သောနည်းပညာများကို ပြောင်းလဲ အသုံးပြုဖွယ် ရှိနေသည်။ မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် NFC ကိုအခြေခံထားသော Wallet မူပိုင်ခွင့်လျှောက် ထားချက် တစ်ခုတွင်လည်း သုံးစွဲသူများက ၎င်းတို့၏ဖုန်းမှတစ်ဆင့် ကြိုးမဲ့စနစ်ဖြင့်ဝယ်ယူမှုများ ပြုလုပ်နိုင် မည်ဖြစ်သည်။ ထို့အတူ Apple အနေဖြင့် စတိုးအတွင်းတွင် NFC အထောက်အပံ့ပါဝင်သည့် point-of-sale စနစ်ကို အဆင့်မြှင့်တင်အသုံးပြုသွားဖွယ်ရှိသည်။

Morgan Stanley ၏အဆိုအရ Apple သည်မိုဘိုင်းငွေပေးချေ စနစ်အတွက် NFC ကိုအဓိက နည်းပညာ အနေဖြင့် ရွေးချယ်ဖွယ်ရှိကြောင်း၊ semiconductor ကုမ္ပဏီ NXP ကလည်းလိုအပ်သည့်ကြိုးမဲ့ စနစ် hardware ကိုထောက်ပံ့ပေး ဖွယ်ရှိကြောင်းသိရသည်။ NXP သည်လက်ရှိတွင် Apple နှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး iPhone 5s အတွက် M7 ရွေ့လျားမှုအာရုံခံချစ်ပ်များကို ထောက်ပံ့ပေးလျက်ရှိသည်။

အခြားသောကောလာဟလ သတင်းများကလည်း Apple သည် မိုဘိုင်းငွေပေးချေစနစ်တစ်ခုကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း၊ Apple လက်လီစတိုးများတွင် ငွေပေးချေရာ၌ အဆိုပါစနစ်ကို အသုံးပြုရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ကြသည်။

-နောင်နောင်
Ref: MacRumours
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...