အ၀တ်အစားမဲ့ အပန်းဖြေစခန်း



ယခုလို ပူအိုက်တဲ့ရာသီမျိုးမှာ အပန်းဖြေ ခရီးထွက်ချင်သူ တွေ အနေနဲ့ အ၀တ်အစား အများအပြား ထည့် သွားစရာ မလိုဘဲ အေး ဆေးစွာ အနားယူ အပန်းဖြေနိုင်တဲ့ နေရာ တစ်ခု ရှိပါတယ်။ ဒီနေရာဟာ မက္ကဆီ ကို နိုင်ငံ မှာရှိပြီး လှပတဲ့ ပင်လယ်ကမ်းခြေ အရသာကို နှစ်သက်သူ တွေအတွက် သင့်တော်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပန်းဖြေ ခရီးသွား ရောက်မယ့်သူဟာ အရှက်အကြောက် ကင်းမဲ့ ဖို့တော့ လိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အပန်းဖြေစခန်းမှာ တည်းခိုမယ့်သူဟာ ဘာ အ၀တ်အစားမှ ၀တ်ဆင်ရမှာ မဟုတ်ဘဲ အ၀တ်ဗလာ နတ်္ထိနေထိုင်သွားရမှာ ဖြစ်ပါ တယ်။ လွတ်လပ်ခြင်းရဲ့ အရသာကို အပြည့် အ၀ ခံစားနိုင်ဖို့ ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကာရစ်ဘီယံပင်လယ် ရဲ့ အငွေ့အသက် ကို အပြည့်အ၀ ခံစားရမှာဖြစ်ပြီး ရေကူးတဲ့ အချိန်၊ အစား အသောက်စားတဲ့အချိန်တွေမှာ အ၀တ် အစား ၀တ်ဆင်နိုင်တယ်လို့ သိရပါ တယ်။ အပန်းဖြေစခန်းရဲ့ အပြင်အဆင်က ခမ်း နားလွန်းပြီး ဧည့်သည်တွေရဲ့ ဆန္ဒအပေါ် မူ တည်ပြီး အ၀တ်အစားမဲ့ ပါတီတွေကို လည်း ကျင်းပလေ့ရှိပါတယ်။ ဒါ့အပြင် မင်္ဂလာဆောင် ချင်သူ တွေ အတွက်လည်း ဘာအ၀တ်အစား မှ ၀တ်ဆင်စရာ မလိုဘဲ ပြုလုပ်ပေးနေ တယ် လို့ သိရပါတယ်။ ပင်လယ်ကမ်းခြေတွေမှာ ဘီကီနီဝတ်စုံတွေ ၀တ်ဆင်တဲ့မြင်ကွင်းဟာ သိပ်မထူးဆန်းပေမယ့် ဒီအပန်းဖြေစခန်းရဲ့ ထူးခြားတဲ့ ၀န် ဆောင်မှုတွေကြောင့် ကမ္ဘာ့  အကောင်းဆုံး အ၀တ်အစားမဲ့ အပန်းဖြေစခန်း အဖြစ် တင်စားခြင်း ခံခဲ့ရပါတယ်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...