ဘရာဇီးလ် ဘင်လာဒင်



ဘင်လာဒင်ဆိုတာ အဆိုးရွားဆုံးအကြမ်း ဖက်သမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဆော်ဒီ နိုင်ငံသား တစ်ဦးဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁) ရက် အမေရိကန်နိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာမှာ တာဝန်အရှိဆုံး သူ အဖြစ် သတ်မှတ်ခံရပြီး၊ ၀ရမ်းပြေးအဖြစ် ပုန်း အောင်းနေရာ ပါကစ္စတန်မှာ အမေရိကန် အထူး ကွန်မန်ဒိုတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ ရပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်နိုင်ငံမှာလည်း ဘင်လာဒင် တစ်ဦး ရှိနေပါတယ်။ ရုတ်တရက်ကြည့် လိုက်ရင် ဘင်လာဒင်အစစ်နဲ့ လုံးဝခွဲမရအောင် တူညီနေတာတွေ့ရ မှာ ဖြစ်ပါတယ်။ ဘယ်လောက်အထိ တူသလဲဆိုရင် ဘင်လာဒင် ဘရာဇီးလ်မှာ လာ ရောက်ပုန်းခိုနေတယ် လို့ ရဲတပ်ဖွဲ့ ကိုတောင် သတင်းပေးတိုင်ကြားခဲ့ရ တဲ့အထိပါပဲ။

ဒါပေမဲ့ ဘရာဇီးလ်ဘင်လာဒင်ဟာ ပေါ်ပြူလာဖြစ်အောင် အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ပုံစံ ဖန်တီး ထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ အမည်က ဖာနန်ဒက်စ်ဖြစ်ပြီး၊ ဆော်ပေါ် လိုမြို့မှာ စားသောက်ဆိုင်ဖွင့်လှစ် ထားပါတယ်။ လာရောက်တဲ့ နိုင်ငံခြားသား ဧည့်သည် တွေကတော့ သူ့ကို အန်ကယ် ဘင်လာဒင် လို့ ခေါ်လေ့ရှိပါတယ်။ ဘရာဇီးလ် ဘင်လာဒင်ဟာ ဒေသခံ တွေအကြားမှာ ပေါ်ပြူလာ ဖြစ် နေပြီး၊ သူ့ဆိုင်ကို လာရောက်တဲ့ သူတွေဟာ အမှတ်တရဓာတ်ပုံရိုက်မှုတွေ ပြုလုပ်ခဲ့ကြပါ တယ်။ ၂၀၁၄ ကမ္ဘာ့ ဖလားကို ဘရာဇီးလ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး၊ ဘရာဇီးလ် ဘင်လာဒင် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ကို ဘောလုံးပရိသတ်တွေအများအပြား လာရောက် ဖွယ်ရှိနေတယ်လို့ သိရပါတယ်။



The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...