ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို



အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့

” အစုံပါပဲ၊ ဟာသဒိုင်ယာလော့က တအားလေးလို့မရဘူး ဆိုတာကအစ အကုန်သင်ပေးပါတယ်” လို့ ပြောပါတယ်။ အငြိမ့်မင်းသမီး လူရွှင်တော်အဖြစ်လည်းလုပ်ဖူးတဲ့ အိချောပိုကို နောက်ထပ် လူရွှင်တော် လုပ်ပေးဖို့ ကမ်းလှမ်းထားတာ ရှိလားမေးတော့ ” အဲဒီတုန်းက ဦးဇာဂနာ ဦးစီးပြီး လုပ်ပြီးတဲ့နောက်ပိုင်း သမီးကို မင်းသမီးအဖွဲ့ကို ခေါ် တယ်လို့တော့ပြောတယ်။ ဒါပေမဲ့သမီး တို့ကလည်း ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆိုတော့ အဲဒီဘက်ကို သိပ်မလုပ်ဖြစ်သေးဘူး” လို့ပြောပါတယ်။

အိချောပိုရဲ့ ပြင်ဦးလွင်အမှတ်တရကိုမေးတော့ ” သမီးပြင်ဦးလွင် ကို ၃ နှစ်မြောက် လာရောက်ရိုက်ကူးတာ ပါ။ ပထမဆုံး ပြင်ဦးလွင်မှာ ရိုက်တာက” ယောက်ျား ကိုရောင်း စားမယ်” ဆိုတဲ့ကား၊ ကိုပြေတီဦးနဲ့ပါ။ အဲဒီကားက တအားပေါက်ခဲ့တာ။ ပြီးတော့ “ဆွဲစိလိုက်မယ်” ကို ကိုမြင့်မြတ်နဲ့ရိုက်တာလည်း ပြင်ဦးလွင် မှာပဲ။ ကိုခန့်စည်သူနဲ့ အခု ပြင်ဦးလွင်မှာရိုက်တာက တော့ပထမဆုံးပါပဲ” လို့ပြောပါတယ်။

အချိန်တိုအတွင်းမှာ အိချောပိုအောင်မြင်လာတာ ဘာကြောင့်လို့ ထင်လဲမေးတော့ ” အစ်ကို ဆရာတွေ က လက်တွဲခေါ်တာကြောင့်ပါသလို ပရိသတ်တွေကလည်း သမီးကားလေးတွေကို အားပေးကြတာကြောင့်ပါ” လို့ပြောပါတယ်။

အလုပ်ကို အာရုံစိုက် လုပ်နေတာကြောင့် အချိန်ပေးသင့်တဲ့ လူတွေကိုကောအချိန်ပေးဖြစ်ရဲ့လားမေးတော့ ” တခြားအာရုံပျံ့ လွင့်တာတွေမရှိသလို ဒီအလုပ်ကို အာရုံစိုက်တာကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ တခြားဟာကို ခေါင်းထဲမထည့်ဘူး။

ဒီလုပ်လုပ်ကတည်းက မိသားစု စုံစုံညီညီတွေ့ရတာတောင် သိပ်မရှိတော့ဘူး” လို့ ပြောပါ တယ်။ အိချောပိုကို ဖေ့စ်ဘုတ်ပရိသတ်က ဘာပြောလဲမေးတော့ ”  အစ်မက ကားတော်တော် ရိုက်တာပဲ လို့ ပြောကြတယ်။ ပရိသတ်က အိချောဇာတ်ကားတွေကို စိတ်ဝင်တစားနဲ့မေးရင် ပြန်ပြောဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။

နေကွန်းထင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...