ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ

သရုပ်ဆောင် ဆုပန်ထွာကတော့ သူ့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံထားရတာကို တုံ့ပြန်လိုက် ပါပြီ။


ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်

ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား စေ့စပ်ကြောင်းလ မ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြမှာပါ။

ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။



ပန်ပန်ပရိတ်သတ်များအားလုံး ပန်ပန်အတွက် စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေထဲမှာ ကိုဥက္ကာကျော်ဘက်မှလဲရှေ့နေ ကတဆင့်ပြန်လည် ရှင်းလင်းသွား မှာဖြစ်ပါတယ်။ ပန်ပန်ကိုယ်တိုင်လဲ တဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန့်ရဲ့ facebook နှင့် စာနယ်ဇင်းများကနေ တဆင့်ပြန်လည် ရှင်းလင်း အသိပေးသွားမှာဖြစ်ပါတယ်။


စိတ်ပူပေးကြတဲ့ သူများအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်...


ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။

သတင်းစာမှာ တဖက်က ကြေညာအပြီး ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကနေ ထပ်မံ ရှင်းလင်းပြီး အမှန်တရားဟာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ ပတ်သက်ပြီး ဒီဘလော့မှာ ရေးပြီးပါပြီ။ ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက် http://blog.irrawaddy.org/2014/04/blog-post_11.html မှာ ဖတ်နိုင်ပါတယ်)


အိမ့်သံစဉ် ~
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...