ကိုယ့်ကိုယ်ကိုယ်လေလံတင်တဲ့ အမေရိကန်ကျောင်းသူ မျက်နှာထုတ်ပြပြီ

.

အမေရိကန်ဆေးကျောင်းသူတယောက်က သူ့အပျိုစင်အနေအထားကို ကိုယ်တိုင် အွန်လိုင်းမှာ လေလံ တင်နေတာ အခုတော့ ဒေါ်လာသုံးသိန်းအထိ ကမ်းလှမ်းမှု ရှိနေပြီ ဆိုတဲ့အချိန်မှာ သူ့မျက်နှာကို ပြလိုက်ပါပြီ။

သူ ဘယ်သူလဲ ဆိုတာ သူ့တက္ကသိုလ်က သိသွားရင် ကျောင်းထုတ် အထုတ်ခံရနိုင်တာကို သိလျက်နဲ့ ထုတ်ပြလိုက်တာပါ။



အသက်က ၂၈၊ နာမည်ကိုတော့ Elizabeth Raine လို့ပဲ ပြောပါတယ်။ နာမည်ရင်းတော့ ဟုတ်ဟန် မတူ။

ခါတိုင်းတော့ သူက ဓာတ်ပုံအများအပြား တင်ပေမယ့် သူ့မျက်နှာကို မမြင်ရအောင် ဖုံးထားတာပါ။
အခု ထုတ်ဖော်လိုက်ပြီ ဆိုတော့ ဒေါ်လာသုံးသိန်းထက်ပိုပြီး လေလံဆွဲလာကြမယ်လို့ သူက မျှော်လင့်နေ ပါလိမ့်မယ်။

သူ့ဘက်က တောင်းဆိုထားတာကတော့ လေလံအောင်မြင်သွားသူဟာ ကူးစက်ရောဂါကင်းစင်ကြောင်း အထောက်အထား ပြနိုင်ရမယ်၊ ကွန်ဒွန်လည်း သုံးရမယ် ဆိုတာပါပဲ။ ဆေးဝါးသုံးခြင်း၊ သဘာဝလွန် ဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း မပြုရဘူးလို့လည်း စည်းကမ်းချက်တချို့ ကြိုထုတ်ထားပါတယ်။

ခါတိုင်းလည်း ဒီလို လေလံတင်ခြင်း သတင်းတချို့ တခါတရံ ထွက်ပေါ်လာပါတယ်။ အဲဒီထဲက တခုကို ဒီဘလော့မှာ ကိုယ့်ကိုယ်ကိုယ် လေလံတင်တဲ့ ရုရှားဆယ်ကျော်သက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/11/blog-post_5834.html မှာ ဖတ်နိုင်ပါတယ်။

အထက်ပုံမှာ ဖော်ပြထားသူရဲ့ လေလံတင်မှုက အမေရိကန်မှာ ဆိုတော့ သူတို့ဆီမှာ ပြည့်တန်ဆာ ဆိုင်ရာဥပဒေနဲ့ မလွတ်ကင်းပါဘူး။ ဒီအတွက် သူ့မှာ ဗျူဟာ ချထားပြီးသားပါ၊ လေလံအောင်ပြီးနောက် ပိုင်း ဆောင်ရွက်စရာတွေအတွက် သြစတေးလျနိုင်ငံကို ရွေးထားတယ်၊ အဲဒီမှာတော့ တရားဝင်တယ် လို့ သိရပါတယ်။



ဧရာဝတီ Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...