သွားနှင့် ခံတွင်း အန္တရာယ်



ပြီးခဲ့သည့် ၂၀၀၀ မှ ၂၀၀၈ ခုနှစ်ကြား အမေရိကန်နိုင်ငံတွင် သွားနှင့်ခံတွင်းရောဂါ ကြောင့် ဆေးရုံရောက် သူ (၄၀) ရာခိုင်နှုန်း တိုးလာကြောင်း Journal of Endodontics တွင် ထည့် သွင်းဖော်ပြထားသည်။ နည်း နည်းလောက် ဂရုစိုက်ပေးရုံဖြင့် သွားနှင့်ခံတွင်းရောဂါများ မဖြစ်အောင် ကာကွယ် နိုင်သည်။ နောက်ကျ လျှင်မူ အန္တရာယ်ရှိသည်။ ဥပမာ သွားအတွင်းမှ ဘက်တီးရီးယားများ အသက်ရှူလမ်းကြောင်းထဲ ရောက် သွားပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည်။ ရက်ကြာကြာ သွားနာလာပါက သွားဆရာဝန်ထံပြသင့်သည်။ သွားပိုး စားခြင်းများ ဆိုးဝါးမလာစေရန် သွားဆရာဝန်ထံ ကာလအပိုင်း အခြားအလိုက် ပုံမှန်သွားရောက် စစ်ဆေးမှုခံယူသင့်သည်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...