ဇွန်လ ၁ ရက်နေ့ မှာထွက်မယ့် စန္ဒီမြင့်လွင် ရဲ့ ကလီယိုပါထရာ



စန္ဒီမြင့်လွင်က လတ်တလော မှာ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် အခွေဖြစ်တဲ့ ကလီယိုပါထရာ အခွေထွက်ဖို့ အတွက် အလုပ် ရှုပ်နေသလို၊ အတွဲ အခွေတွေ အတွက် လည်း သီဆိုပေး ဖြစ်နေကြောင်း သိရပါတယ်။ ပရိသတ်တွေ အားပေးမှုတွေကို ရရှိထားတဲ့ ဟစ်ဟော့ပ် အမျိုးသမီး တေးသံရှင် တစ်ဦး အနေနဲ့ ရှေ့ဆက်ပြီး ကိုယ့် ရဲ့ အနုပညာ အရည်အသွေး မြင့်မားအောင် ကြိုးစားဖြစ်ပုံကို စန္ဒီ့မြင့်လွင်က “သီချင်းတွေကို အမြဲနားထောင် ဖြစ်တယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ သီချင်း ပုံစံတွေကို ကြည့်ဖြစ်တယ်။ နားထောင်ဖြစ်တယ်။ အဓိကတော့ သီချင်း နောက်ကို အမြဲ လိုက်ဖြစ်တယ်။ လေ့လာဖြစ်တယ်” လို့ပြော ပါတယ်။

မျိုးဆက်သစ်ဟစ်ဟော့ပ် အမျိုးသမီး တေးသံရှင်တွေကိုလည်း လက်တွဲခေါ် ဖြစ်ကြောင်းကို စန္ဒီမြင့်လွင်က “နောက်ထပ် မိန်းကလေးတွေဆို ဖို့ ရောက်လာတဲ့ အသစ် ကလေး တွေလည်းရှိတယ်။ ဒီးဒီနဲ့ ဟစ်ဟော့ပ် ဆိုချင်လို့ ဆိုပြီး လာကမ်းလှမ်းကြတယ်။ ဆိုပေးတယ်။ တကယ် အရည်အချင်း ရှိတယ် ဆိုရင် ငွေရေးကြေးရေးတွေ သိပ်မ ပြောဘူး။ တကယ်ကောင်းမယ် ဆိုရင် ဆိုပေးမယ်။ မိန်းကလေးတွေ ဆိုရင် အားပေးတယ်။ သူတို့ကို သင်ပေးလို့လည်း မရဘူး။ ညှိနှိုင်းပြီး လုပ်မှ ရတာလေ။ အတွေ့ အကြုံက အဓိကအရေးကြီးတယ်။

သူတို့လည်း ကိုယ်တိုင်သိမှ ကိုယ်တိုင်ကြုံမှ ဒီအတွေ့အကြုံကို နားလည်မယ်။ ကိုယ်ကိုယ်တိုင်ဖြတ် သန်းကြည့်မှ သိမယ်။ သူတို့ လည်းဖြတ်သန်းရင်းနဲ့ သိသွားမှာပဲ။ ပရိသတ် လက်ခံဖို့ ကတော့ အဓိကက ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ တကယ်စိတ် ရှိနေမယ်။ တအားစေတနာ ရှိမယ် ဆိုရင် အောင်မြင် မှာပါ။ တကယ် ဒီဟာကိုမှ ရူးသွပ်ပြီး ဒီဟာပဲခေါင်းထဲ မှာရှိမယ်ဆို ရင်ရကို ရရမှာပါ။ မရစရာ ဘာအကြောင်းမှ မရှိပါဘူး”လို့ ပြောပါတယ်။

စန္ဒီမြင့်လွင်ရဲ့ကလီယိုပါထရာ အခွေစာနယ်ဇင်း ရှင်းလင်း ပွဲကို မေလ၁၉ ရက်နေ့၊ နေ့ခင်း ၁ နာရီ sky starဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခွေကို ဇွန်လ၁ရက်နေ့ ညနေ ၅ နာရီက နေ ၈ နာရီ အထိ Junction Square မှာ အနုပညာရှင် သူငယ်ချင်းတွေ နဲ့ သီချင်း ဆိုပြီး အခွေ လက်မှတ် ထိုးပေး မှာဖြစ်ကြောင်း သိရပါ တယ်။

ခိုင်ဝေလွင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...