"ဗီဒီယို လောကကြီး သာသာယာယာ ရှိနိုင်ပါစေ ဆိုတဲ့ ဂွမ်းပုံ"

ဂွမ်းပုံက ပြင်ဦးလွင်မှာ ဗီဒီယို ၂ ကား ရိုက်ဖို့ ရောက်နေပါတယ်။ ရန်ကုန် မှာတော့ ရာသီဥတုက ပူတာမို့ ရာသီဥတု နဲ့လိုက်ဖက်မယ့် အဝတ်အစားက အစသေချာ ရွေးဝတ်ရပြီး ပြင်ဦးလွင် မှာတော့ ရာသီ ဥတု အေးချမ်းတာကြောင့် သက်သောင့်သက်သာ နဲ့ဇာတ်ကို ဝင်စားပြီး ရိုက်လို့ ရတယ်လို့ ပြောပါတယ်။
ပြင်ဦးလွင် အမှတ်တရ ရိုက်ကူးရေး အကြောင်း ပြန်ပြောတာက “အဲဒီတုန်းက ရှိုင်းအောင်နဲ့ ခင်ပပလှိုင် တို့နဲ့ကန်တော်ကြီးထဲမှာ ရိုက်နေတာ။ မဂွမ်း က ရေကြောက်တတ်ပါတယ် ဆိုမှ ကန်တော်ကြီး ထဲ ပြုတ်ကျ တဲ့ အခန်းကို ရိုက်ရတော့ အသည်း တအေးအေးနဲ့အခုထိ အမှတ်ရနေတုန်းပဲ” လို့ ပြောပါတယ်။
ဂွမ်း ပုံကို သူ့ပရိသတ်က ဘာပြောလဲ မေးတော့ “ပရိသတ် ကတော့ ဒီအရွယ် နဲ့ အမေခန်း တွေရိုက်တာ ကိုပြောကြတယ်။ ဒါပေမဲ့ မဂွမ်း ကလည်း ဒါရိုက်တာ ပေးတာ ကို အံဝင် ခွင်ကျ ဖြစ်အောင် ရိုက်တာပါပဲ။ ဘယ်နေရာ မဆို ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်” ဆိုပါတယ်။ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ ဘီလူး ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဂွမ်းပုံ က ဗီဒီယို လောကကြီး သာသာယာယာ နဲ့ ရှိနိုင်ပါစေ လို့ ပြောကြားခဲ့ပါတယ်။
Popular Journal
- (အရှေ့သို့) မော်ကွန်းတင်ပါသည် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး
- (အနောကျသို့) ကားတွင်း အင်တာနက်ချိတ်ဆက် နည်းပညာနှင့် အနာဂတ်ကားများ၏ လုံခြုံရေး လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး