လိင်မှုဘ၀ ချောမွေ့စေလို၍ မိမိမွေးကင်းစကလေးကို အမျိုးသမီးငယ်တစ်ဦးကသတ်ပစ်

နာဒီးန်ကိုးနစ် နေထိုင်ရာ ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယားပြည်နယ်၊ ရီဂျန်စ်ဘာ့ဂ်မြို့ တစ်နေရာကို တွေ့ရစဉ်

မိမိ၏ လိင်မှုဘ၀တွင် အနှောင့်အသွားတစ်ခုသဖွယ် ဖြစ်လာနိုင်သောကြောင့် ဂျာမန်အမျိုးသမီး ငယ်တစ်ဦးက ၄င်း၏ မွေးကင်းစကလေးငယ်လေးကို မီးဖွားပြီး မိနစ်၃၀အကြာတွင် လည်ပင်းညှစ်
သတ်ပစ်ခဲ့ကြောင်း တရားရုံတွင် ကြားနာစဉ် ပေါ်ပေါက်ခဲ့သည်။

ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယားပြည်နယ်၊ ရီဂျန်စ်ဘာ့ဂ်မြို့ မှ နာဒီးန်ကိုးနစ် အမည်ရှိ အသက်၂၀ခန့်သာ ရှိသေးသည့် အမျိုးသမီးငယ်တစ်ဦးသည် မွေးဖွားပြီးမိနစ်၃၀အကြာတွင် ၄င်း၏ကလေးငယ် အား လည်မြိုကိုညှစ်ပြီးနောက် အသွားချွန်တြိဂံပုံ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ကိုးနစ်သည် နိုက်ကလပ်တစ်ခုသို့ ထွက်ခွာသွားခဲ့သည်ဟု သက်သေများက ထွက်ဆိုခဲ့သည်။ အစိုးရရှေ့နေ အူလ်ရိုက် ကလိန်းက ကိုးနစ် သည်ကလေးအား တာဝန်မယူလိုသောကြောင့် ထိုကဲ့သို့ ပြု လုပ်ခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

"ရှင့်အနေနဲ့ ဘာဖြစ်လို့ ကိုယ့်ရင်သွေးကို ရှင့်ရဲ့ လိင်မှုဘ၀အတွက် အနှောင့်အသွားတစ်ခုလို့ မြင်တာလဲ ဆိုတာကို ကျွန်မဖြင့်လုံးဝစဉ်းစားလို့မရဘူး။ ဒီကလေးလေးရှိခြင်းအားဖြင့် လူမှုပေါင်းသင်း ဆက်ဆံရေးမှာ ရှင့်အနေနဲ့လုံးဝကံဆိုးမိုးမှောင်ကျတယ်လို့ ဘာလို့ယူဆရတာလဲ" ဟု ကလိန်းက မေးခွန်းထုတ်ခဲ့သည်။

အဆိုပါအမျိုးသမီးငယ် ကိုးနစ်သည် သူမတွင်ကိုယ်ဝန်ရှိနေကြောင်းကို ၎င်း၏မိဘများ မသိအောင် ဖုံးကွယ်ထားခဲ့သည်။ ယမန်နှစ်ဖေဖော်ဝါရီလတွင် သူ့မိဘအိမ်မှာပင် ကလေးအားမွေးဖွားခဲ့သည်ဟု ရီဂျင်စ်ဘာ့ဂ်မြို့ ရှိ တရားရုံးက ကြားနာမှုတစ်ရပ်တွင် စစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်အား သတ်ပစ်ပြီးနောက် ရုပ်အလောင်းကို ဒါနူဘီမြစ်အနီးစွန့်ပစ်ခဲ့သည်။ ကိုးနစ်အား ကလေးသတ်မှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက်တွင် ၄င်း၏မိခင်ဖြစ်သူ ကာစတင် (အသက်၄၄နှစ်)သည် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ကိုးနစ်ကိုမူ လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

Myanmar Times
Monday, 05 May 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...