ဗီတာမင်ဒီက ရင်သားနှင့်စအိုကင်ဆာကြောင့် သေဆုံးမှုနှုံးကို လျှော့ချပေးနိုင်



လေ့လာတွေ့ ရှိချက်အသစ်များအရ နေရောင်ခြည်တွင်ပါဝင်သော ဗီတာမင်ဒီသည် ကင်ဆာဝေဒနာရှင်များ ၏ သေဆုံးမှုနှုန်းကို လျော့ကျစေကြောင်းသိရှိရသည်။

အဆိုပါ ဗီတာမင်ဒီသည် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သွေးဖြူဥကင်ဆာရောဂါ ဝေဒနာသည် များအတွက် အထူးသင့်လျော်သည်ဟု ဆိုသည်။ ဗီတာမင်ဒီကို နွေကဲ့သို့  ပူပြင်းသော ရာသီဥတု တွင် နေရောင်ခြည်၏အကူအညီရယူကာ လူ့ အရေပြားအောက်တွင် ဇီဝဖြစ်စဉ်အရချက်လုပ်သည်။

ထို့ ပြင် အဆီဓာတ်ပိုသော ငါးများဖြစ်သည့် ဆော်လမွန်ငါးများ၊ ငါးပိန္နဲစေ့နှင့် မက်ကရယ်ငါးမျိုး စိတ်တို့  တွင် ပေါများကြွယ်ဝစွာ တွေ့ နိုင်သေးသည်။ ဥအမျိုးမျိုး၊ ဆီသွတ်စာများ၊ ဂျုံနှင့်လုပ်ထားသော နံနက်စာ များ နှင့် နို့  မှုန့် တို့ တွင်လည်း ပါဝင်မှုနှုန်းများပြားသည်။ အသစ်သောလေ့လာမှုတစ်ခု၏ တွေ့ ရှိချက်အရ ကင်ဆာဝေဒနာရှင်ဟု လောလောလတ်လတ် အတည်ပြုခံ ထားရသည့် လူနာများထဲမှာ သွေးတွင်း ဗီတာမင်ဒီပါဝင်မှုပိုမိုများပြားသော လူနာများသည် သွေးတွင်း ဗီတာမင်ဒီပါဝင်မှု နည်းပါးသော လူနာများ ထက် သေဆုံးမှုနှုန်းလျော့နည်းသည်ဟု သိရသည်။

ကင်ဆာဖြစ်ပွားမှုနှုန်းလည်း နှေးကွေးစေပြီး ရောဂါကုသရာတွင်လည်း တိုးတက်မှုအခြေအနေများတွေ့ ရှိရ သည်ဟု ဆိုသည်။ ရှန်ဟိုင်းဇီဝသိပ္ပံတက္ကသိုလ်၊ အစာအဟာရသိပ္ပ္ပံဌာနမှ ပါမောက္ခဟွီဝန်က ကျွန်တော်တို့  ကင်ဆာဝေဒနာရှင် ပေါင်း ၁၇၃၃၂ ယောက်ကိုလေ့လာတဲ့အခါမှာ သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှုနှုန်း ပိုများ တဲ့ ဝေဒနာရှင်တွေရဲ့  ရောဂါကုသမှု မှတ်တမ်းဟာ ဗီတာမင်ဒီချို့ တဲ့ တဲ့ဝေဒနာရှင်တွေထက်စာရင် တိုးတက်မှုနှုန်းပိုမြန်တယ် ဆိုတာကို လေ့လာတွေ့ ရှိခဲ့ရတယ်။

ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ဗီတာမင်ဒီဟာ ရင်သားကင်ဆာ၊ အူမကြီးဈစအိုကင်ဆာနဲ့  သွေးဖြူဥ ကင်ဆာတွေကို ကုသတဲ့နေရာမှာ အများကြီးအထောက်အကူပြုရုံတင်မက အဲဒီလူနာ တွေမှာ ရောဂါ လက္ခာတွေ တိုးတက်ကောင်းမွန်လာတယ်ဆိုတာကို ဒီရလဒ်တွေက သက်သေပြနေတယ်' ဟုပြောကြားခဲ့ သည်။

အင်ဒိုခရင်း အဖွဲ့ ကြီး၏ 'ဇီဝရုပ်ဖြစ်ပျက်မှုနှင့်ဟော်မုန်းစနစ်' ဂျာနယ်က သွေးတွင်း ဗီတာမင်ဒီ ပမာဏ တိုင်းတာသော သီခြားလေ့လာမှု၂၅ခုကိုပြုလုပ်ခဲ့သည်။ အဆိုပါ သီးခြားလေ့လာမှုသည် ကင်ဆာအတည် ပြုဆေးစစ်မှုပြုလုပ်ချိန်တွင် လူနာများ၏ သွေးတွင်း ဗီတာမင်ဒီပမာဏတိုင်းတာခြင်းဖြစ်သည်။

ထို့ ပြင် အင်ဒိုခရင်းအဖွဲ့ ကြီးသည် ကင်ဆာဝေဒနာရှင်များ၏ အသက်ရှင်ကျန်ရစ်မှုနှုန်း၊ သေဆုံးမှုနှုန်း စသည်တို့ ကိုပါ လေ့လာခဲ့သည်။ ထိုမျှမကဘဲ ကင်ဆာရောဂါဟု အတည်ပြုခံရပြီးနောက် ကုသမှု မခံယူမှီတွင် လူနာများ၏ သွေးတွင်း ဗီတာမင်ဒီပမာဏကိုလည်းလေ့လာမှု၏ အစိတ်အပိုင်းအဖြစ် တိုင်းတာခဲ့သည်။

အဆိုပါလေ့လာချက်တွင် သွေး ၁လီတာကိုစစ်ဆေးသောအခါ ၁၀နာနိုမိုးလ် ပမာဏဗီတာမင်ဒီ ပါဝင်သော လူနာများတွင် အသက်ရှင်ကျန်ရစ်မှုနှုန်း ၄ရာခိုင်နှုန်းတိုးမြင့်လာသည့် အထောက် အထားများ ကိုတွေ့ ရှိရ သည်။ သို့ ရာတွင် အဆိုပါအကျိုးကျေးဇူးကို အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ ဆီးကြိတ်ကင် ဆာ၊ သွေးကင်ဆာ နှင့် အရေပြားကင်ဆာ ရောဂါခံစားနေရသောဝေဒနာရှင်တို့ တွင်မူ မတွေ့ ရပေ။

ဒီအမ်
Myanmar Times
Friday, 02 May 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...