ဗြိတိန်တွင် ၁၉၇၀ ပြည့်နှစ်များကထက် အရေပြားကင်ဆာ ဖြစ်ပွားနှုန်း ငါးဆထိတက်လာ

Photo:google

ဗြိတိန် နိုင်ငံတွင် လက်ရှိ အချိန် ၌ အရေပြား ကင်ဆာ ဖြစ်ပွားနှုန်း သည် ၁၉၇၀ ၀န်းကျင်နှစ် များက ထက် ငါးဆထိ တက်လာကြောင်း စစ်တမ်း တစ်ရပ် အရ သိရသည်။

၁၉၇၀ ပြည့်နှစ်များ တစ်ဝိုက် တွင် တစ်နှစ်လျှင် အရေပြား ကင်ဆာ ဖြစ်ပွားသူ ၁၈၀၀ ရှိပြီး လက်ရှိ တွင် တစ်နှစ်လျှင် ၁၃၀၀၀ ထိရှိ လာ သည်။ ဗြိတိန်မှ လူများ ဥရောပ နိုင်ငံများ သို့ ပိုသွားရောက်ကာ နေစာလှုံ အပန်းဖြေ ခရီးထွက်မှု များပြား လာခြင်း သည် အရေပြား ကင်ဆာ ဖြစ်ပွားသူ များလာခြင်း အကြောင်းရင်း တစ်ရပ်ဖြစ် ကြောင်း စစ်တမ်းက ထောက်ပြသည်။

အရေပြား ကင်ဆာ သည် ဗြိတိန် နိုင်ငံ တွင် လူသေဆုံး စေသည့် ပဉ္စမ မြောက် ကင်ဆာဖြစ်ပြီး တစ်နှစ် ကို လူ ၂၀၀၀ ကျော် သေဆုံးလျက် ရှိသည်။ ဗြိတိန်တွင် ၁၉၇၀ ပြည့် နှစ်များ တစ်ဝိုက်က လူတစ်သိန်းလျှင် သုံးဦးသည် အရေပြား ကင်ဆာ ဖြစ်ပွား၍ လက်ရှိတွင် တစ်သိန်း လျှင် ၁၇ ဦးထိ ရှိလာသည်။

အသားဖြူဖတ် ဖြူလျော် သမား များ၊ မှဲ့အများအပြား ရှိသူများ၊ နေလောင် ရောဂါ ဖြစ်ပွား ဖူးသူများ၊ မိသားစုထဲ တွင် အရေပြား ကင်ဆာ ဖြစ်ပွားဖူး သူများသည် အရေပြား ကင်ဆာဖြစ်ပွား နိုင်ခြေပို များ ကြောင်း သိရသည်။ တတ်နိုင်သမျှ အရိပ်အောက် တွင် နေထိုင်ရန်၊ နေပူထဲ သွားလျှင် ထီးစ သည့် အမိုး အကာ အသုံးပြုရန်၊ SPF 15 ပါဝင် သည့် နေလောင် ကာကွယ်ဆေး လိမ်းကြရန် ကျွမ်းကျင်သူများ က အကြံပေး ထားသည်။

လေ့လာမှု စစ်တမ်းကို ဗြိတိန် ကင်ဆာ သုတေသန စင်တာက ထုတ်ပြန်ခြင်း ဖြစ်သည်။

Source: BBC
The Messenger
လန်ဒန် ၊ ဧပြီ ၂၅

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...