ခွဲစိပ်ပြုပြင်မှု (၁၂) ကြိမ် ပြုလုပ်ပြီးတဲ့နောက် နောင်တရနေသူ



ဘရာဇီးလ် နိုင်ငံသား အဲလ်ဗက်စ်ဟာ ခွဲစိပ်ပြုပြင်မှု (၁၂) ကြိမ် ပြုလုပ်ပြီး တဲ့နောက် များစွာ နောင်တ ရနေတယ်လို့ သိရပါတယ်။ ခွဲစိပ်ပြုပြင်မှုကို အမျိုးသမီး တွေသာ အများဆုံးပြုလုပ်တတ် ကြပေမယ့် အဲလ်ဗက်စ် ကတော့ အမျိုးသား တွေထဲမှာ ရှားရှားပါးပါး ခွဲစိပ်ပြု ပြင်ခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လွန် ခဲ့တဲ့ (၁၀) နှစ်က ဘရာဇီးလ် နိုင်ငံမှာ နှာခေါင်းကို ခွဲစိပ်ကုသမှု စတင်ပြုလုပ်ခဲ့တဲ့ အဲလ်ဗက်စ်ဟာ အခုအချိန်ထိ ခွဲစိပ်ကုသမှုပေါင်း (၁၂) ကြိမ် ပြုလုပ်ခဲ့ရာမှာ ပေါင်တစ်သိန်းကျော် သုံးစွဲခဲ့ရပါတယ်။

တစ်ကိုယ်လုံးကို ခွဲစိပ်ပြု ပြင်ခဲ့တာမို့ ခန္ဓာကိုယ် အတွင်း ထည့်ထားတဲ့ ဆီလီကွန်တွေရဲ့ အကျိုးဆက်ကို ခံနေရပြီး မသန်စွမ်း ဖြစ်ရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင် နေရပြီဖြစ်ပါတယ်။ အစောပိုင်းမှာ ချိုသာတဲ့ မျက်နှာပိုင်ရှင်ဖြစ်လိုတာမို့ နှာခေါင်းကို စတင် ပြင်ဆင်ခဲ့ပါတယ်။ အဲလ်ဗက်စ်ရဲ့ ခန္ဓာကိုယ် အချိုးအစားက မလှပတာမို့ ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အလျင်အမြန် လှလိုတာမို့ တစ်ကိုယ်လုံးကို ခွဲစိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပခုံးကို ခွဲစိပ်ရာမှာ ဆေးထိုးမှားခဲ့လို့ အသက်သေဆုံးရမယ့် အခြေ အနေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲလ်ဗက်စ်က ခွဲစိတ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ အရုပ်တစ်ရုပ်လို ဖြစ်ချင်တာ မို့ ခွဲစိပ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ အဲလ်ဗက်စ်က နှာခေါင်းကို စတုတ္ထအကြိမ် ခွဲစိပ် ချင်ပေမယ့် ဆရာဝန် တွေက အသက်အန္တရာယ် စိုးရိမ်ရလို့ ပြုလုပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဆံပင် ကအစ လေဆာခွဲစိပ်မှု ပြုလုပ်ထားတဲ့ အဲလ် က်စ်ဟာ ခွဲစိပ်မှု အကျိုးဆက်ကြောင့် ဆေးဝါးတွေ နေ့ စဉ် သောက်သုံး နေရပြီး အသက် ရှည်စွာ နေထိုင်ရမယ်လို့ မမျှော်လင့် ထားကြောင်း ဖွင့်ဟသွားခဲ့ပါ တယ်။

The Messenger





ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...