နုပျိုသည့်သွေးက အိုမင်းရင့်ရော်သူများကို တစ်ဖန်ပြန်လည် နုပျိုစေနိုင်


Health Updates Journal No. 117

သုတေသနအဖွဲ့သုံးဖွဲ့၏ လေ့လာမှုများအရ လူသားတို့ အိုမင်း ရင့်ရော်မှုဖြစ်စဉ်ကို နုနယ်သည့် သွေး သွင်းခြင်းဖြင့် ပြန်လည်နုပျိုစေကြောင်း သိရသည်။

မှတ်ဉာဏ်၊ ကြွက်သားစွမ်းအား၊ ခံနိုင်ရည်၊ အနံ့ခံအာရုံ စသည်တို့ကို ကြွက်အိုများ၌ ကြွက်ပျိုများ ၏ သွေးသွင်းအပြီး စမ်းသပ်ခဲ့သည်။

““နုနယ်တဲ့သွေးထဲမှာ အိုမင်းသူတွေကို ပြန်လည်သန်စွမ်းစေတဲ့ ပစ္စည်းတွေပါဝင်နေပါတယ်”” ဟု သုတေသီများကဆိုသည်။

ကြွက်အို၏ သွေးကြောထဲသို့ ကြွက်ပျိုသွေးမှ အချက်ပြပရိုတင်း (signalling protein) တစ်မျိုးကို ထိုးသွင်းခဲ့ရာ ကြွက်အို၏ ကြွက်သားများ သန်စွမ်းလာသည်ကိုတွေ့ရသည်။

GDF11 ဟုအမည်ရသည့် ပရိုတင်းသည် အသက်အရွယ်ကြောင့် နှလုံးအရွယ် အစားကြီးခြင်းကို လျှော့ ချပေးနိုင်ပြီး ကြွက်ပျိုသွေးတွင်းရှိ အဆိုပါပရိုတင်းကို ကြွက်အိုအား ပေးသွင်းရာမှ ကြွက်သား အင်အား ကောင်းမွန်လာခြင်းဖြစ်သည်။ နုနယ်သည့်သွေးသည် ဦးနှောက် အစိတ်အပိုင်း တစ်ခုကို သွေးစီးဆင်းမှု ကောင်းမွန်စေပြီး နဗ်ဆဲလ်အသစ်များ ဖြစ်ပေါ်စေသည်ကိုပါ တွေ့ရှိရ သည်။

အနံ့အာရုံခံ ဦးနှောက်အစိတ်အပိုင်းဖြစ်သည့် Olfactory bulb သို့ ဆဲလ်သစ်များ ရောက်ရှိသည့် အခါ ကြွက်အိုများ၏ အနံ့ခံအာရုံကောင်း မွန်လာသည်ကိုတွေ့ရသည်။ ကြွက်ပျိုများ၏သွေးသည် ဦး နှောက်တွင်းရှိ ပင်မဆဲလ် (stem cell) များကို ကြီးထွားစေပြီး နဗ် ဆဲလ်သစ်များထုတ်လုပ်မှုကို လှုံ့ ဆော်ပေးသည်။

အသက်ကြီးခြင်းကြောင့် ဆုတ်ယုတ်မှုများကို ပြန်လည်နုပျိုစေရုံသာမက အသက်ကြီးခြင်းကြောင့် အသိ ဉာဏ်ကျဆင်းမှုများကိုပါတစ်ဖန် ပြန် လည်ကောင်းမွန်စေကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထား သည်။

ဇော်ကို
Ref:IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...