လိင်တူ ဆက်ဆံလေ့ ရှိသော ဆယ်ကျော်သက် များတွင် အရက် အလွန်အကျွံ သောက်မှု ပိုများ


Health Updates Journal No. 117

လေ့လာမှု တစ်ခုအရ လိင်တူ ဆက်ဆံလေ့ ရှိသော ဆယ်ကျော်သက် များသည် အခြားသော လိင်ကွဲ ဆက်ဆံ သည့် ဆယ်ကျော်သက် များထက် အရက်ကို ပုံမှန်သောက်သုံး ခြင်းမဟုတ်ဘဲ တစ်ခါတရံ၌ အလွန် အကျွံ သောက်သုံးမှု ပိုများကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ခက်ခဲသော လူမှုရေး ပြဿနာများ၊ ကာလကြာရှည် စိတ်ဖိစီးမှုများ ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ ပြင် လေ့လာမှုရလဒ်များအရ လိင်တူဆက်ဆံသောသူများတွင် ကာလရှည်ကြာ စိတ်ဖိစီးမှုဖြစ်စေသော အခြားအကြောင်းများမှာ (၁)ခွဲခြားခံရခြင်း (၂)ဆန့်ကျင်ခံရခြင်း (၃)အရှက်ခွဲခံ ခြင်း (၄) မိမိ၏ စိတ်ဝင်စား မှုအား ဖုံးကွယ်ထားရခြင်း (၅)လိင်တူ ဆက်ဆံခြင်းအပေါ်တွင် မိမိ၏ စိတ်ခံစားမှုကို အခြားတစ်ဖက်မှ လက်မခံနိုင် ခြင်း(internalized homophabia )စသည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်ကာ ကျန်းမာရေး ဆိုးဝါးသည့်ဘက်သို့ ဦးတည်စေကြောင်း သိရသည်။

လေ့လာမှုတွင် အသက် ၁၂ မှ ၁၈ နှစ် ကြား လိင်တူဆက်ဆံသူ လူငယ် ၁၂၃၂ ဦးအား အွန်လိုင်းမှ တစ်ဆင့် မေးခွန်းများမေးခဲ့ပြီး လူငယ်များ၏ ၁၆%ခန့်မှာ လိင်တူ ဆက်ဆံသည့် အမျိုးသားများ ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ လေ့လာမှုတွင် လိင်ပိုင်းဆိုင်ရာအတွေ့အကြုံ နှင့် စိတ်ခံစားမှုများနှင့် ပတ်သက်သည့် မေး ခွန်းပေါင်း ၂၆၀ကျော်အား မေးမြန်းခဲ့သည်။ ထိုအခါ လိင်တူဆက်ဆံခြင်းအပေါ် မိမိစိတ်ခံစားမှု အတွင်းပိုင်းမှ လက်မခံသည့် (internalized homophobia )့ခံစားမှုက အရက်အလွန် အကျွံသောက်သုံး ခြင်းဖြင့် သိသာစွာ ဆက်စပ်နေပြီး အကြမ်းဖက်ခံရခြင်း၊ ခွဲခြားခံရခြင်းများကလည်း သက်ရောက်မှုရှိကြောင်း သိရသည်။ မိဘနှင့်အတူနေသော လိင်တူဆက်ဆံသူများတွင်မူ အရက်အလွန် အကျွံသောက်မှု ကြုံတွေ့ရနိုင်ခြေပိုနည်းကြောင်း တွေ့ရသည်။

မိုင်ကိ
ref:Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...