ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား

အေသင်အောင်

လက်ရှိကမ္ဘာ့ အသက်ကြီးဆုံးအမျိုး သားအဖြစ် သတ်မှတ်ခြင်းခံလိုက်ရတဲ့ သူကတော့ အမေရိ ကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ (၁၁၁)နှစ် အရွယ်ရှိ အလက်ဇန္ဒား ပဲဖြစ်ပါတယ်။ အလက်ဇန္ဒားဟာ အသက် (၁၁၁) နှစ် အရွယ် အီတလီ လူမျိုး လီကာတာ ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ ကမ္ဘာ့ အသက် ကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ အလက်ဇန္ဒားရဲ့ မျိုးရိုးဟာ သက်ရှည်ကျန်းမာသူတွေဖြစ်ကြ တယ် လို့ သိရပါတယ်။ ထူးခြားတာက အလက်ဇန္ဒားဟာ ကမ္ဘာ့  အသက်ကြီးဆုံးအမျိုးသား အဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့် သားသမီး တစ်ဦးမှ မရှိခြင်း ပဲဖြစ်ပါတယ်။

အလက်ဇန္ဒား ဟာ ဇနီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ပေါင်းသင်း နေထိုင်ခဲ့ပေမယ့် ကလေးတစ်ဦးမှ ရရှိခဲ့ခြင်း မရှိပါဘူး။ အလက်ဇန္ဒားက သူ့အနေနဲ့ အသက် ရှည်ရခြင်းနောက်ကွယ်မှာ မည်သည့်လျှို့ဝှက် ချက်မှ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။အလက်ဇန္ဒားက ကျွန်တော့်ရဲ့ အဖေဟာ အသက်(၉၀) အထိ နေ သွားခဲ့ရပါတယ်။ ကျွန်တော်တို့မျိုးရိုးဟာ သက်ရှည်ကျန်းမာ သူတွေဖြစ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဘာကြောင့် အသက်ရှည် ရသလဲဆိုတာ တိတိ ကျကျမသိရှိပါဘူး”” လို့ ပြောကြားသွားခဲ့ပါ တယ်။

အလက်ဇန္ဒားကို ၁၉၀၃၊ ဖေဖော်ဝါရီ (၄) ရက်၊ ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့ပါ တယ်။ ၁၉၅၁ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကို ဇနီးဖြစ်သူနဲ့အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ တယ်။ အလက်ဇန္ဒားရဲ့ ဇနီးဟာ နယူးယော့ခ် မြို့ကို ပြောင်းရွှေ့ပြီးနောက် ၁၉၈၆ မှာ ကွယ် လွန်သွားခဲ့ပါတယ်။ အလက်ဇန္ဒားဟာ အား ကစား လိုက်စားမှုတွေပြုလုပ်ခဲ့ခြင်းကြောင့် အသက်ရှည်နေရခြင်း ဖြစ် ပါတယ်။ အချက်အလက်တွေအရ အလက်ဇန္ဒားထက် အသက်ရှည်တဲ့ အမျိုးသမီးအရေ အတွက်က (၆၆) ဦးအထိရှိတယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့  အသက်ကြီးဆုံးအမျိုးသမီးကတော့ ဂျပန် နိုင်ငံက မီဆာအိုအိုကာဝါဖြစ်ပြီး အသက် (၁၁၆) နှစ်ရှိပါတယ်။ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား အဖြစ် သတ်မှတ်ခံထားရတဲ့ အလက်ဇန္ဒား မွေးဖွား တဲ့အချိန်ဟာ ရိုက်ညီနောင်လေယာဉ်ကို စတင်တီထွင်တဲ့ နှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...