အွန်လိုင်းမဲပေးခွင့်ရ အလှမယ်ပြိုင်ပွဲတွင် မြန်မာအလှမယ် ဗိုလ်စွဲနေ



လေးကြိမ်မြောက် ကျင်းပသော Miss Asia Pacific World 2014 ပြိုင်ပွဲဝင် အလှမယ်များကို Missosology ၀က်ဘ်ဆိုက်၌ ဧပြီ ၂၄ ရက်ကပင် မဲပေးရွေးချယ်နိုင်ခဲ့ရာ ခုနစ်ရက်အကြာတွင် မြန်မာကိုယ်စားပြု အလှမယ် မေမြတ်နိုးက ပထမနေရာ၌ ရပ်တည်နေကြောင်း သတင်းရရှိသည်။

နာမည်အကျော်ကြားဆုံး အလှမယ် ၀က်ဘ်ဆိုက်ဖြစ်သည့် Misssosology တွင် မေမြတ်နိုး သည် မြန်မာ ပရိသတ်များ၏ အား ပေးမှုကြောင့် မတ်လတစ်ရက်မှ စတင်၍ ပထမနေရာ၌ ရပ်တည် နေကြောင်း မြန်မာ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန် စီစဉ်သူ မလှနုထွန်းကပြောသည်။

‘‘ပထမနေရာမှာရှိနေတဲ့ အတွက် အရမ်းဝမ်းသာပီတိဖြစ် မိပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ပြီဆိုတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးပါတယ်။ အဲဒါမှ ကိုယ်က အလှဆုံးပေါ်လွင်မှာပါ။ အဲဒါကြောင့် ထရိန်နင်ပိုင်းကို သေချာလုပ်နေပါတယ်။ ပြိုင်ပွဲမှာဘာဆုရမယ်ဆိုတာ မဟုတ်ဘဲနဲ့ အကောင်းဆုံး ဘယ်လိုလုပ်နိုင်မ လဲဆိုတဲ့ ဦးတည်ချက်ထားပြီး ပြိုင်သွားမှာပါ’’ဟု မေမြတ်နိုးက ပြောသည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၀ ခန့်မှ အလှမယ်များဝင် ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံ က ယခုနှစ်တွင် ပထမဆုံးဝင် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ မေလ၁၉ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ဖိုင်နယ် ပွဲကို မေ ၃၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဝက်ဘ်ဆိုက်တွင် ပြိုင်ပွဲ နောက်ဆုံးနေ့အထိ မဲပေးနိုင်ပြီး ပထမရရှိသူကို ‘‘Missosology Choice Award’’ချီးမြှင့်မည်ဖြစ် ပြီး ယင်းဝက်ဘ်ဆိုက်ကအခြား သော နိုင်ငံတကာပြိုင်ပွဲများမှ အလှမယ်များကို ထိုကဲ့သို့ ရွေး ချယ်ကာ ဆုပေးအပ်လေ့ရှိသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံအသီးသီးသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအလှမယ်များက ယင်းဆုကို ရရှိခဲ့ကြသည်။

7Day Daily
No.369 Monday, May 5,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...