ဝေဟင်ခရီးသည် သတိပြုဖွယ်



လေယာဉ်စီး၍ ခရီးသွားခြင်းက အချိန်ကုန်သက်သာ၊ သက်တောင့်သက်သာ ရှိစေတာမှန်သော် လည်း လေ ယာဉ်မူးခြင်းကို ခံစားရပါတယ်။ အထူးသဖြင့် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်း (သို့ မဟုတ်) ကမ္ဘာ့ အနောက်ခြမ်းမှအရှေ့ ခြမ်းသို့  အချိန်ကြာကြာ လေယာဉ်စီးရတဲ့အခါ၊ Time Zone(ခေါ်)နေရာဒေသ စံတော်ချိန်ကိုလိုက်၍ ခန္ဓာကိုယ်၏ ဇီဝနာရီစက်ဝန်းမှာလည်း ရုတ်ချည်း ဆိုသလို ပြောင်းလဲသွားရပါတယ်။ အဲဒီအခါမှာ လေယာဉ်စီးရခြင်း၏ နောက်ဆက်တွဲဝေဒနာများ အဖြစ် အိပ်မပျော်၊ အစားအ သောက်ပျက်၊ အားအင်ကုန်ခမ်း၊ ခေါင်းကိုက်၊ မျက်စိအမြင်ေ ၀ ၀ါး၊ ခြေထောက်သွေးကြောပိတ်…စသဖြင့် ခံစားရနိုင်ပါ တယ်။ ဒါ့ပြင် လေယာဉ်စက်သံ ဆူညံ မှု၊ လေ ယာဉ်တုန်ခါမှု၊ လေထုစိုထိုင်းစ နှင့် ငြိမ်သက်စွာ ထိုင်နေရခြင်းက လူကို မသက်သာ လှပေ။

(၁) ခရီးမထွက်မီ အိမ်ရေး၀၀အိပ်ပါ(သို့ မဟုတ်)ပုံမှန်ထက် အိပ်ယာစောဝင်ပါ။

(၂) ခရီးစဉ်မှာဝတ်ဆင်မည့် အ၀တ်အစား နှင့် အလှပြင်ပစ္စည်းများကို အဆင်သင့်ထားပါ။ မှတ်ပုံ တင် (သို့ မဟုတ်)နိုင်ငံကူးစာ အုပ်၊ လေယာဉ်လက်မှတ် နှင့် အလုပ်ကိစ္စစာရွက်စာတမ်းများကို ခရီးဆောင် အိတ်ထဲကြိုတင်ပြင်ဆင်၍ သိမ်းပါ။

(၃) မော်တော်ကားလမ်း မီးပွိုင့်များပိတ်ဆို့ ခြင်းကြောင့် စိတ်သောကမဖြစ်စေ ဖို့  လေဆိပ်သို့  စောစော ထွက်ပါ။

(၄) ဥပမာ ကမ္ဘာ့အနောက်ခြမ်းသို့ အချိန်တော်တော်ကြာလေယာဉ်စီးရမည်ဆိုပါက၊ ညဘက် ပျံသန်းသော ခရီးစဉ်ကိုသာရွေး ချယ်ပါ။

(၅) လေယာဉ်စက်သံ ဆူညံသံကို နားမခံနိုင်ပါက နားတွင်းဆို့ (ခေါ်)Ear Plug တစ်ခုခုကို ယူသွားပါ။

(၆) လေယာဉ်မစီးခင်မှာ အရက်၊ ကော်ဖီ၊ ဆေးလိပ်တွေ သောက်မသွားပါနှင့်။

(၇) ဖြစ်နိုင်ရင် ပုံမှန်ထက် အစာလျော့စားသွားပါ။ သစ်သီးဖျော်ရည်(သို့ မဟုတ်)အရည်ရွှမ်းသော အသီးများ နှင့် အလွန်တကူ ချေဖျက်နိုင်သော အစာတို့ ကိုစားပါ။

(၈) လှဖို့  စမတ်ကျဖို့ ထက် မိမိအတွက် သက်တောင့်သက်သာဖြစ်စေမည့် အ၀တ်အစား၊ ဖိနပ် တို့ ကို သာ လေယာဉ်ပေါ်ဝတ် ဆင်သွားပါ။

(၉) ခရီးရှည်သွားရပါက၊ လေယာဉ်ပေါ် အိပ်ရေး၀၀အိပ်စက်ပါ။ လေယာဉ်ဝန်ထမ်းများထံမှ မျက်လုံးကာ (ခေါ်)Eye Masks နှင့် မိမိအတွက် သက်တောင့်သက်သာဖြစ်စေမယ့် ခေါင်းအုံးမျိုးကို တောင်းဆိုပါ။

(၁၀) အကယ်၍ ရွှေ့ ပြောင်း(transit) လေကြောင်းခရီးစဉ်ဖြစ်ပါက လေယာဉ်ရပ်နားချိန်မှာ အပျင်းပြေ လက်လျှောက်ခြင်း၊ ကိုယ် လက်လှုပ်ရှားခြင်းပြုပါ။

လေယာဉ်မစီးသင့်သည့် ခရီးသည်များမှာ-
(၁) တုပ်ကွေး(သို့ မဟုတ်)လေပြွန်အထက်ပိုင်း ပိတ်ဆို့ ရောင်းရမ်းနေသူ (သို့ မ ဟုတ်)ပန်းနာရင်ကြပ်သူ (၂) ပြင်းထန်သော အသက်ရှုလမ်းေ ကြာင်းဆိုင် ရာ ရောဂါရှိသူ (၃) နှလုံးရောဂါသည် (၄) သွေးအား နည်းသူ (၅) ကိုယ်ဝန်ဆောင် ကာ လ ၂၈ ပတ်(၇ လ) ကျော်နေသူ (၆) စိတ်ပိုင်းဆိုင်ရာရောဂါရှိသူ (၇) လွန်ခဲ့တဲ့ ၁-လ အတွင်း မှာ နှလုံးသွေးကြောကျဉ်း(သို့ မဟုတ်)သွေးကြောပိတ်ရောဂါ ခံစားရသူ (၈) လွန်ခဲ့တဲ့ ရက်သတ္တ ၂-ပတ်အတွင်း ဦးနှောက်သွေး ယိုစီးမှု ဖြစ်ထားသူ (၉) လွန်ခဲ့တဲ့ ရက်သတ္တ ၂-ပတ် အတွင်း အကြီး စားခွဲစိပ်မှု ခံယူထားသူ (၁၀) ဦးနှောက်အတွင်း အကြိတ်ရှိသူ နှင့် လတ်တလော ဦးခေါင်း ခွံ ဒဏ်ရာရထားသူ (၁၁) လတ်တလောမျက်စိခွဲစိပ်ခံထားရသူ (၁၂) အူမကြီး အပေါက်ဖောက် ထား သူ(သို့ မဟုတ်)အစာဟောင်းအိမ်ကို အပြင်ထုတ်၍ခွဲစိပ်ခံရသူ (၁၃) သွေးပြန်ကြောထုံးရောဂါ ဖြစ်လေ့ရှိ သူ (၁၄) ကျောက်ပတ် တီး စီးထားသူများဖြစ်ပါတယ်။

အထူးသတိပြုရန်။
(က) နှလုံးနှိုးစက်တပ်ဆင်ထားသူအနေဖြင့် လုံခြုံရေးစစ်ဆေးဂိတ်ကိုဖြတ်သန်းရတဲ့အခါ X-ray ရောင်ခြည် စစ်ဆေးမှုကို မခံယူ သင့်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းကို မိမိတွင်နှလုံးနှိုးစက် တပ်ဆင် ထားရကြောင်း အသိပေးပါ။ (အချို့ နိုင်ငံများ ရှိ လေယာဉ်ကွင်း များမှာ ထိုနိုင်ငံလေဆိပ်လုံခြုံရေး စည်းမျဉ်း အရ X-ray ရောင်ခြည် စစ်ဆေးမှုကို ပြုလု ပ်လေ့ရှိ တာကြောင့် ပြ ဿနာကို ကြိုတင်ရှောင်ရှားသည့်အနေဖြင့် လိုရမယ်ရ ဆေးကုသမှတ်တမ်းကို အထောက်အထားအနေဖြင့် ယူဆောင်သွားပါ)
(ခ) အတက်ရောဂါ(သို့ မဟုတ်)၀က်ရူးပျံ ရောဂါရှိသူအနေဖြင့် ခရီးထွက်မည့်နေ့ တွင် ပုံမှန်သောက်နေကျ ပမာဏထက် ဆေးပို၍ သောက်ထားပါ။
(ဂ) ဆီးချိုရောဂါ ပြင်းပြစွာခံစားရလေ့ရှိသူအဖို့ ၊ ခရီးမထွက်မီ ဆရာဝန်နှင့်ကြိုင်တင်၍ တိုင်ပင်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...