အသိ၊ သတိနှင့် လူ့ကျန်းမာရေး (၁)



ယနေ့ ခေတ် လူအများအပြားတွင် ကင်ဆာ၊ သွေးတိုး၊ နုလုံး၊ ဆီးချို၊ လေဖြတ်ခြင်း နှင့် အသည်းဘီပိုး စိပိုး အဖြစ်များလာနေကြပါသည်။ လေဖြတ်ခြင်း၊ သွေးတိုးတို့ ဆိုတာ အသက်ရွယ်ကြီးမှ သာဖြစ်လာရတယ် လို့ ထင်မိကြပါလိမ့်မယ် အခုအခါတွင် အသက်ငယ်သူများပင် လေဖြတ်ခြင်း၊ သွေးတိုးတို့ ဖြစ်နေကြပါပြီ အသက်ငယ်ပေမဲ့ ရောဂါတွေများပြားလာခြင်းသည့် ဘာကြောင့် ဒီလိုဖြစ်လာနေကြတာလည်းဆို စဉ်းစား စရာတစ်ခုအဖြစ် ဖြစ်လာပါပြီ။ နောက်တိုးအဖြစ် အသည်း ဘီ၊ စီ ရောဂါ နှင့် ကင်ဆာဖြစ်ပွားနှုန်းလည်း အလွန်များပြား လာပါနေပါပြီ။

လူနာတစ်ယောက်မှ ရောက်လာပြီး ကိုက်ခဲနေလို့ ပြောလာရင် အကိုက်အခဲပျောက်ဆေးပေးမယ် ထိုးပေး လိုက်မယ် တစ်ခဏတာအတွင်းမှာ ယူပစ်သလို့ ပျောက်ကင်းသွားတယ် အဲလို ဖြစ်လိုက်တော့ လူနာ တစ်ယောက်က ချီးကျူးစကားဆိုပါတယ် ကောင်းလိုက်တာ ဆရာဝန်က သို့ တည်းမဟုတ် ဆေးခန်း ကဆိုပြီး နာမည်ကောင်းတစ်ခု ရလိုက်တာပေါ့။ အဲလိုဖြစ်တာ ကောင်းတယ်လို့ တော့ မထင်ပါနဲ့  လုံးဝ မကောင်းပါ။ လက်ရှိဖြစ်လာသည့် အကိုက်အခဲတွက် ဆေးပေးသောက်လို့ ပျောက်သည့် အကျိုးကို မကြည့် ရပါဘူး ဘာကြောင့် ဒီလိုဖြစ်ရတာလည်းဆိုသည့် အကြောင်းအချင်းအရာကို ကြည့်ရပါမယ် မေးမြန်းမယ် သုံးသပ်မယ် သိလာမယ် ဒါမှသာ နောက်လည်း မဖြစ်အောင် ရှောင်ရမယ် စားရမယ်ဆိုတာ အဖြေရလာမှ သာ နောင်အတွက် အကိုက်အခဲလည်းမဖြစ် ဆေးထိုး ဆေးစားလည်းမလိုဘဲ ကျန်းမာစွာ နေထိုင်နိုင် ပါမည်။

ဆရာဝန်အများအပြားက လက်ရှိဖြစ်နေသည့် အကျိုးကိုဘဲ လုပ်ဆောင်တာများပါတယ် ဘာကြောင့် ဖြစ်ရတာလည်း ဘာလည်းဆိုသည့် အကြောင်းအချင်းအရာကို အလုံးစုံ မမေးဘူး မေးချိန်လည်း မပေးနိုင် တိုတိုတုတ်တုတ် ဖိုးဝရုပ်ဘဲ။ ကိုက်ခဲရင် ဒါပေး ဒါထိုး လုပ် အဲဒါလုံးဝ မကောင်းပါဘူး ဆေးလောကကို မကောင်းမြင် အပြစ်ပြောခြင်း မဟုတ်ရပါဘူး ခဏတာဖြစ်သည့်အကျိုးကိုကြည့်တာများတယ် အကြောင်း အရာကို မကြည့်တာများနေလို့ ပြောရတာပါ။

လူနာတွေကလည်း ဖြစ်လိုက်တာနဲ့  အဲဒီဆရာကကောင်းတယ်ထင် သွားလိုက် သက်သာလိုက် လူနာ ကတော့ သူ့ အတွက် အစဉ်ပြေနေတယ်ထင်နေမှာပါ။ လူနာတွေကလည်း ဆရာဝန်က တင်ပါးနှစ်ဖက် စလုံးကို ဆေးနှလုံးထိုးတယ် ပြီးတော့ လက်မောင်းလည်း အကြောဆေးထိုးပေးလိုက်တယ် အဲလို့ လုပ် လိုက်ရင် လူနာအများက သဘောကျတယ်၊ အဲလိုမဟုတ်ရင် ဆေးလည်းမထိုးလိုက်ဘူး မလိုအပ်ဘူး ဒီသောက်ဆေးဘဲသောက်ကြည့်ပါ ဘယ်လိုစားသောက်ရမယ် ဘယ်လို နေထိုင်ပေးရမယ် ပြောလိုက်ရင် ဟင် ဆိုပြီး နောက်တစ်ပတ်ချိန်းလိုက်တာကို လာတောင် မလာတော့ဘူး။ ခဏတာကိုဘဲ စိတ်သာယာ မှု့ ဖြစ်ဖို့ ကောင်းဖို့ ဘဲ မြင်မိကြပါတယ်။ ကျန်းမာစွာဖြင့် ရေရှည်နေရမည့် ဘဝတစ်ခုလုံးအတွက် သူတို့ မတွက်မိကြပါဘူး ။

အခုကောင်းအောင် ပေးလိုက်သည့်ဆေးပြင်းတွေကြောင့် ဘေးထွက် ဆိုကျိုးတွေရှိတယ်ဆိုတာ သိကြ သူရှိသလို မသိရှိသူတွေလည်းအများကြီးပါ ။ တစ်ခုကောင်းပေမဲ့ နှစ်ခုဆိုးတာလည်း ရှိတယ် ကြာလာတော့ ဘာတွေဖြစ်လာလည်းဆိုတော့ အသည်း၊ ကျောက်ကပ်၊ အူမကြီး နှင့် အစာအိမ်တွေမှာ ရောဂါတွေဖြစ် လာတက်ပါတယ် ။

ယနေ့ ခေတ်တွင်အစစအရာရာတိုးတက်လာပေမဲ့ ဆန့် ကျင်ဖက် ဆိုကျိုးတွေလည်းများပြားလာပါတယ် အလွယ်တစ်ကူ ဝယ်ယူရသလို့ သယ်ယူမှု့ အတွက် အစဉ်ပြေနေသည့် ပလပ်စတစ်အိတ်တွေကြောင့် ကင်ဆာကို ဖြစ်ပေါ်စေပါတယ်။ ဥပမာပေါ့ အသားအကင်ဝယ်တယ် ပြီးတော့လည်း ပလပ်စတစ် အိတ်လေးနဲ့ ထည့်ပေးလိုက်တယ် စားလိုက်တယ် အဲဒါအဆိပ်ဖြစ်ပြီး လူခန္ဓာကိုယ့်အတွင်း စုစည်းမှု့ ဖြစ် တာ မသိကြဘူးနော် ကြေးအိုး၊ လက်ဖက်ရည်၊ မုန့် ဟင်းခါး၊ ခေါက်ဆွဲကြောက် အစုံပါဘဲ မီးဖိုပေါ်က အပူတွေနဲ့ အိတ်ကလည်း ပလပ်စတစ်ဖြစ် အဲဒီအပုကြောင့် ဓာတ်တွေပြောင်း ကင်ဆာဖြစ်ဖို့ အတွက် အားပေးတယ် ဖြစ်စေပါတယ်။ အပူဟင်းတွေကို မယ်လမင်း ဖိုက်ဘာ ပုဂံတွေ ဇွန်တွေနဲ့ ထည့်စား အဲလို့ စားတော့ ချက်ခြင်းတော့ မဖြစ်ပါဘူး ကြာလာတော့ ကိုက်ခဲတာတို့  နေထိုင်မကောင်းတာ တို့  နောက်အဆိုးဆုံးဖြစ်စေနိုင်တာ ဦးနှောဏ်ပိုင်းရောဂါတွေ၊ ကင်ဆာရောဂါတွေဖြစ်တက်ပါတယ်။

အကင်နဲ့ ကင်ဆာအကြောင်းမှာလည်း ပြောခဲ့ပါတယ်။ ပလပ်စတစ်တွေသည် အပူတွေကြောင့် ဓာတ်ပြောင်းပြီး လူတွေအတွက် အဆိပ်ဖြစ်စေပါသည်။ ဒါကြောင့် တိုင်းပြည်တစ်ခုမှာ အတော်ဆုံး မင်းလုပ်အုပ်ချုပ်နေပေမဲ့ ပြည်သူပြည်သာလူအများအပြားမှာ ရောဂါထူပြော ရောဂါတွေများနေကြမယ်ဆိုရင် အဲဒီတိုင်းပြည် ဘယ်တော့မှ မတိုးတက်ပါဘူး။


Credit: Ma Mandalay

-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...