အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ The Foundation Certificate for Petroleum Engineering ကို တက်ရောက်နိုင်
Photo:google
ရေနံနှင့် သဘာဝ ဓာတ်ငွေ့အထူးပြု အင်ဂျင်နီယာဘာသာရပ်ကို လေ့လာ သင်ယူလိုသော အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများသည် ယူကေရှိ Kaplan International Colleges (Nottingham, UK) တွင် The Foundation Certificate for Petroleum Engineering ကို လျှောက်ထားနိုင်ပြီး ထူးချွန်သူများ အတွက် ပညာသင် ထောက်ပံ့ကြေး ပေါင် ၂၀၀၀ ရရှိနိုင်ကြောင်း CROWN Educationမှ သိရသည်။
အခြေခံပညာ အထက်တန်း (သို့မဟုတ်) IGCSE အောင်မြင်ပြီး သူများသည် Kaplan International College (Nottingham, UK) တွင် The Foundation Certificate for Petroleum Engineering ကို ဦးစွာ တက်ရောက်ရမည် ဖြစ်ကာ သတ်မှတ် အရည်အချင်း ပြည့်မီပြီး အောင်မြင်ပြီးမြောက်ပါက University of Aberdeen ၏ BEng (Mechanical Engineering with Oil and Gas) ဒီဂရီ ဒုတိယနှစ်သို့ ဝင်ခွင့် ရရှိမည် ဖြစ်သည်။ သို့မဟုတ်ပါက University of Salford, Manchester ၏ BEng (Petroleum and Mechanical Engineering) အား ပထမနှစ်သို့ ဝင်ခွင့်ရရှိမည် ဖြစ်ပြီး သက်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီး များတွင် လုပ်ငန်းခွင် ဝင်ရောက်နိုင်သော Industrial Placement တစ်နှစ် အစီအစဉ် ပါဝင်သည်။ ကျောင်း ပြီး အလုပ်အကိုင်အခွင့်အလမ်း အနေဖြင့် Petroleum and Gas Engineering, Mechanical Process and Design Engineering, Chemical Engineering and Energy Sector နယ်ပယ်များတွင် လုပ်ကိုင်နိုင် သည်။ The Foundation Certificate ဝင်ခွင့်အတွက် ၁၀ တန်းအောင် (သို့) IGCSE အောင်လက်မှတ်နှင့် IELTS 5.0 ရှိရန် လိုအပ်ပြီး ကျောင်းဝင်ခွင့်လမှာ စက်တင်ဘာလဖြစ်သည်။
နိုင်ငံတကာ ရေနံနှင့် စွမ်းအင် ကုမ္ပဏီကြီးများမှ ရေနံပေါကြွယ်ဝသော နိုင်ငံများတွင် ဒေါ်လာသန်းပေါင်း များစွာ အကုန် အကျခံရင်းနှီးမြှုပ်နှံ၍ ရေနံသိုက်များ ရှာဖွေခြင်း၊ ရေနံတူးဖော်ခြင်းနှင့် သုတေသနလုပ်ငန်း များကို လုပ်ဆောင်လျက ရှိခြင်းကြောင့် Petroleum Engineering ကဲ့သို့ ဘာသာရပ်များသည် ကျောင်းပြီး အလုပ်အကိုင် ကောင်းမွန်စေကြောင်း သိရသည်။
University of Aberdeen သည် စကော့တလန်၊ Aberdeen မြို့တွင်တည်ရှိပြီး ၎င်းသည် ဥရောပ၏ အချက်အချာကျ စွမ်းအင်မြို့တော် တစ်ခုဖြစ်သည်။ စွမ်းအင်ကုမ္ပဏီများ၊ အေဂျင်စီများ၊ သုတေသန လုပ်ငန်း များ အပါအ၀င် စွမ်းအင်အစိုးရရုံး ပေါင်း ၁၀၀၀ ကျော်အခြေစိုက်ကြသည်။ University of Aberdeen ကို ၁၉၄၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကျောင်းသူး၊ ကျောင်း သားပေါင်း ၁၆၀၀၀ ကျော် သင်ယူလျက်ရှိသည်။ ၎င်းတက္ကသိုလ်၏ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ နည်းပညာ ပရိုဂရမ် များကို ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုထားပြီး Mechanical Engineering နယ်ပယ်တွင် ယူကေအဆင့် ၁၈ ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ ပြည်လမ်း၊ မြေနီကုန်း၊ ဒဂုံစင်တာ (၂) နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း-၀၉- ၄၅၀၀၅၆၃၀၀၊ ၀၉-၇၃၂၇၃၂၇၇ တို့ တွင် စုံစမ်း မေးမြန်းနိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇)
-------------------------------------------------
http://lwanmapyay.blogspot.com/