ခေါင်းပုံဖြတ်ခံ အကာအကွယ်မဲ့ ဘ၀များ

photo:google

တချို့က ဖြူဖြူသေးသေး၊ တချို့က အသက်ကြီးကြီး၊ တချို့က အသက်ငယ်ငယ်၊ အရွယ်စုံ၊ အရောင်မျိုးစုံနဲ့ လမ်းမတွေပေါ်မှာ၊ အခန်းကျဉ်းလေးထဲမှာ၊ ကေတီဗီဆိုင်တွေမှာ ကျင်လည် ကျက်စားနေကြရတဲ့ ၀မ်းရေး ရှာတဲ့ အမျိုးသမီးတွေ။

ပန်းဆိုးတန်းတစ်ဝိုက်မှာ တွေ့နိုင်သလို၊ ဆူးလေဘုရားလမ်းမှာလည်းတွေ့နိုင်ရဲ့။ ကိုးမိုင်ဘက်မှာရှိ တယ် ပြောကြသလို၊ တာမွေဘက်မှာလည်း တွေ့ရတယ်၊။ သူတို့ရဲ့ ကျင်လည်ကျက်စားရာ နေရာတွေက မျိုးစုံ။

“ဧရာဝတီတိုင်းဘက်က လာတာ။ အစတုန်းကတော့ စက်ရုံမှာ အလုပ်လုပ်တာ။ နေတဲ့အိမ်နားက အဒေါ် ကြီးတစ်ယောက်နဲ့ ချိတ်မိရင်း ဒီအလုပ်ကို လုပ်ဖြစ်တာ။ လမ်းပေါ်ထွက်ပြီးတော့ ဖောက်သည် မရှာဘူး။ အဲဒီအဒေါ်ကပဲ ရှာပေးတယ်။ သူ့ကို ကျွန်မ ရတဲ့လစာရဲ့ ၄၀ ရာခိုင်နူန်း ပေးရတယ်”လို့ အသားဖြူဖြူ၊ လူ ကောင်သေးသေးနဲ့ ချစ်စရာအသွင်ရှိတဲ့ မစုက ပြောပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့သူဟာ မိသားစုတစ်စုကို ပံ့ပိုးပေးဖို့ ငွေအများကြီး မလိုအပ်ပေမယ့် စက်ရုံမှာ အလုပ်ပင်ပန်းတဲ့ဒဏ် မခံနိုင်တာရယ်။ အ၀တ်အစား ကောင်းကောင်းနဲ့ ပိုက်ဆံကို ဖောဖောသီသီ သုံး ချင်တာရယ်ကြောင့် ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ခန္ဓာကိုယ်ရင်းပြီး အလုပ်လုပ်တာ သုံး နှစ်ကြာခဲ့လို့ စုမိဆောင်းမိရှိတဲ့ ပိုက်ဆံလေးနဲ့ ဒီအလုပ်ကို စွန့်လွှတ်ပြီး ဈေးဆိုင်ဖွင့်မယ် စဉ်းစားနေပေ မယ့် အိမ်ငှားခတွေ မြင့်တက်လာတာကြောင့် ဒီအလုပ်ကိုဆက်လုပ်နေရတုန်းလို့လည်း သူကဆိုပါတယ်။

မစုတို့လိုလူတွေကို ဖောက်သည်ရှာပေးတဲ့ အမျိုးသမီးက မစုအပါအ၀င် တခြား မိန်းခလေးတွေနဲ့လည်း ဖုန်းနဲ့ ဆက်သွယ်ပြီး ဖောက်သည်ရှာပေးတယ်လို့ မစုက ဆိုပါတယ်။ ဖောက်သည် ရလာပြီဆိုရင်တော့ နီးစပ်ရာ တည်းခိုခန်းတွေကို သွားကြတယ်လို့ မစုက ပြောပါတယ်။

“အဲဒီအဒေါ်မှာ အနည်းဆုံး မိန်းကလေး ခြောက်ယောက်လောက် ရှိမယ်ထင်တယ်။ ကျွန်မက ဖောက် သည်နဲ့ တစ်ခါနေရင် တစ်သောင်းခွဲ တောင်းတယ်။ ၄၀ ရာခိုင်နှုန်းကို အဲဒီအန်တီကို ပေးရတယ်။ တခြား လူတွေကလည်း သူတို့တောင်းတဲ့ နှုန်းပေါ်မူတည်ပြီး ပေးရတယ်။ ဘယ်လောက်လဲတော့ မသိဘူး။ကိုယ် ကိုယ်တိုင်လည်း လမ်းပေါ်မှာ ဖောက်သည်ရှာ မထွက်ချင်တော့ သူ့ကိုပဲပေးလိုက်တာ”လို့ မစုက ပြောပါ တယ်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု၏ စစ်တမ်းအတွက် လိင် အလုပ်သမားတွေကို စစ်တမ်းကောက်ရာတွင် ရန်ကုန်မြို့ထဲမှ ဆောင်ကြာမြိုင် သုံးခုကို သွားရောက်မေး မြန်းမှုတွေ ပြုတဲ့အခါမှာ အံ့အားသင့်စရာကောင်းပြီး ယုံနိုင်စရာပင် မရှိသည့် အသက် ၁၆ နှစ်အောက် အမျိုးသမီးငယ်လေးတွေ လိင်လုပ်သားအဖြစ် အလုပ်လုပ်နေကြတာ တွေ့ရပြီး သူတို့ဝင်ငွေရဲ့ ၄၀ ရာခိုင် နှုန်းကနေ ၆၅ ရာခိုင်နှုန်းအထိ ပြည့်တန်ဆာခေါင်းဆိုသူကို ပေးရတယ်လို့ စစ်တမ်း ကောက်ယူရာမှာ ပါ ၀င်တဲ့ ကိုလင်းက ဆိုပါတယ်။

ဆောင်ကြာမြိုင်ပေါ် မူတည်ပြီး ဒီလို ကွဲပြားမှုရှိပေမယ့် ခန္ဓာကိုယ်နဲ့ရင်းပြီး အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေ အပေါ် ဒီလို ထက်ဝက်ကျော်မက ကော်မရှင်ယူတာ သူ့ အတွက်တော့ “အလွန် အံ့အားသင့်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်လို့” ကိုလင်းက ဆိုပါတယ်။ပြည့်တန်ဆာခေါင်း တစ်ယောက်ဟာ ရဲဖမ်းမှာကြောက် လို့ ဖြစ် ဖြစ်၊ ပတ်ဝန်းကျင်က သတိထားမိမှာစိုးလို့ဖြစ်ဖြစ် သူတို့ နေထိုင်ရာအခန်း သို့မဟုတ် အိမ်ကနေ ခြောက် လတစ်ကြိမ်လောက် အမြဲ ရွှေ့ပြောင်းကြလေ့ရှိတယ်လို့လည်း ကိုလင်းက ပြောပါ တယ်။

ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င် လုပ်ငန်းဖြစ်တဲ့အတွက် ပြည့်တန်ဆာတွေအတွက် အလုပ်သမား ဥပဒေနဲ့ဆိုင်တဲ့ အကာအကွယ်အပါအ၀င် တခြား အကာအကွယ်တွေ တစ်ခုမှ မရရှိပါဘူး။ ပြည့်တန် ဆာ ခေါင်းတွေရဲ့ ကော်မရှင်ကလည်း ပြည့်တန်ဆာတွေငွေရဲ့ထက်ဝက် သို့မဟုတ် ထက်ဝက်ကျော် မက ပေး နေရပေမယ့် ဒါဟာမတရားမှုတစ်ခုလို့လည်း ပြည့်တန်ဆာတွေက သဘောမထားကြပါ ဘူး။ မြန်မာနိုင်င်ငံ မှာ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပဲ ရှိတယ်။

“ပြည့်တန်ဆာလုပ်ငန်းက တရားဝင်လည်း မဟုတ်ဘူး။ ဒါကြောင့် ပြည့်တန်ဆာတွေက အလုပ်သမား ဥပဒေအရ အကျုံးမ၀င်ဘူး။ အဲလိုလူတွေအတွက် အလုပ်သမားတွေက ရတဲ့အခွင့်အရေးလို လခ၊ လစာ ခေါင်းပုံဖြတ်မှုတွေမှာ သူတို့အလုပ်ရှင်ကိုဖြစ်စေ၊ ခေါင်းပုံဖြတ်သူကိုဖြစ်စေ တိုင်ကြားဖို့မဖြစ်နိုင်ပါ ဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းထိန်က ပြောပါတယ်။

ခန္ဓာကိုယ်ကို ရင်းပြီးရတဲ့ ၀င်ငွေရဲ့ထက်ဝက် သို့မဟုတ် ထက်ဝက်ကျော်ကို ပြည့်တန်ဆာခေါင်း ကို ပေး နေရတဲ့အချိန်မှာ တချို့ မိန်းကလေးတွေအတွက် လူတစ်ယောက်နဲ့ နေရင် ၇,၅၀၀ လောက်သာ ရတာမို့၊ ပြည့်တန်ဆာခေါင်းကိုပေးပြီး အကျန် ၂,၅၀၀ သို့မဟုတ် ၃,၀၀၀ လောက်သာ ရလေ့ရှိတယ်လို့ လည်း ကိုလင်းက ပြောပါသေးတယ်။၂၀၁၀ ခုနှစ် အာဆီယံဒေသတွင်း ကောက်ယူထားတဲ့ လိင်အလုပ် သမား တွေ နဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ လိင်အလုပ်သမား တစ်ယောက် ပျမ်းမျှ ၀င်ငွေ ဟာ တစ်လ အမေရိကန်ဒေါ်လာ ၆၀ လောက်သာရှိတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခန္ဓာကိုယ်ရင်း စီးပွားရှာရတဲ့ ပြည့်တန်ဆာတွေအတွက် အစိုးရအနေနဲ့ ပညာပေးလုပ် ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ဥပဒေအရ အခက်အခဲတွေ ရှိနေနိုင်သလို ထိုလူတန်းစားတွေ အနေနဲ့လည်း လာရောက်ဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ သူတို့အတွက် ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးမှု၊ ကာကွယ်နည်းဆိုင်ရာ ပညာပေးမှုတွေအတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ ထိရောက်ဖို့ဆိုရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ လိုပါ လိမ့်မယ်လို့လည်း Marie Stopes International Myanmar မှ Country Director ဒေါက်တာစစ်နိုင်က ဆိုပါတယ်။

ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုရင်လည်း ဥပဒေဘောင်ထဲကနေပြီး အဲဒီ လူတန်းစား တစ်စုအတွက် လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပေးတာ၊ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးတာတွေလုပ်ဖို့ လိုပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

ပြည့်တန်ဆာ လူတန်းစားတစ်စုအတွက် လက်ရှိ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက သူတို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ နေရာအနှံ့အပြားထိ မရောက်ရှိနိုင်သေးခြင်းနဲ့ အဖွဲ့ အစည်း တွေ ရောက်ရှိနေပါတယ်ဆိုတဲ့ နေရာတွေမှာ ၀န်ဆောင်မှု ရယူမယ့်သူတွေအတွက် ထည့်သွင်း စဉ်းစား ပေးနိုင်မှု အားနည်းနေတဲ့အချက်တွေ တွေ့နေရသေးတယ်လို့လည်း ဒေါက်တာ စစ်နိုင်က သုံးသပ်ထားပါတယ်။

မစုကဲ့သို့ ခန္ဓာကိုယ်အရင်းပြု စီးပွားရှာနေသူတွေအတွက် ပြည့်တန်ဆာခေါင်းတွေနဲ့ ဖောက်သည် ရှာပေး သူတွေဆီမှာ ပုံစံမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေရမှုတွေ ရှိနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း နဲ့ စား၊ ၀တ်၊ နေရေးအတွက်ရင်း စီးပွားရှာသူတွေရှိသလို၊ အကြောင်း အမျိုးမျိုးကြောင့် ပြည့်တန်ဆာ လော ကထဲ ရောက်လာသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မစုလိုလူမျိုးတွေရဲ့ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု နဲ့ ဖိနှိပ်ခံရမှုတွေကို ဘယ်လိုကာကွယ်ယူနိုင်ကြမလဲဆိုတာကတော့ မေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။

Mizzima News
Thursday, 01 May 2014 15:55

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...