ဂျပန်အမျိုးသမီးများ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်



ဂျပန်အမျိုးသမီးများ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်သည် ၎င်းတို့ စွဲစွဲမြဲမြဲ စားသုံးသည့် အစားအသောက် များကြောင့်ဟု သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းသည် (၈၆.၄)နှစ် ထိ ရှည်လျားကြသည်။ ဗြိတိန်အမျိုးသမီးများသည် (၈၂.၇)နှစ်မျှသာ ပျမ်းမျှသက်တမ်း ရှိကြရာ ဂျပန်တို့က သိသိသာသာ ပိုမို၍ အသက်ရှည်နေကြသည်။ ကမ္ဘာ့အရှေ့ဖျား နိုင်ငံမှ ဒေသခံများ ပျမ်းမျှအသက် ရှည်နှုန်း မြင့်မားခြင်းသည် ဂျပန်တို့၏ လက်ဖက်စိမ်း ရေနွေးနှင့် ငါးအသားလွှာတို့ကြောင့်ဟု သုတေသီများ က ယူဆခဲ့သည်။



ဂျပန်တို့၏ နေ့စဉ်ပုံမှန် အစားအသောက်များတွင် ဂျုံကို အများစု အသုံးပြုပြီး သစ်သီးသစ်ရွက်၊ ပဲ စသည်တို့ ကိုလည်း အဓိကထား မှီဝဲလေ့ရှိကာ ကယ်လိုရီ နည်းပါးလေ့ရှိကြောင်း သိရသည်။ ဗြိတိန်နိုင်ငံရှိ အမျိုးသား စာရင်းအချက်အလက် ဌာနမှ သုတေသီများက ဂျပန်အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ရှည်ကြာမှုကို ဗြိတိသျှ အမျိုးသမီးများနှင့် နှိုင်းယှဉ်လေ့လာပြီး ယခုသုတေသန စစ်တမ်းကို ဖော်ထုတ်ခဲ့သည်။ ဂျပန်နိုင်ငံမှ လူနေမှု ပုံစံသည် အသက်ရှည်ခြင်းအတွက် အဓိက အထောက်အပံ့ဟု သုတေသီများ၏ အဆိုကို ကိုးကားပြီး The Timesက ဖော်ပြခဲ့သည်။

ဂျပန်တွင် ငါးအသားကို အစိမ်းစားလေ့ရှိပြီး ယင်းကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ကောင်း များ ပေးနိုင်ကြောင်း သိရသည်။ ဂျပန်လူနေမှု စနစ်တွင် အမျိုးသမီးများက ပိုမို၍ ပျမ်းမျှသက်တမ်း ရှည်ကြာလေ့ရှိသည်။ ဂျပန်လူ့အဖွဲ့အစည်းတွင် အမျိုးသားများမှာမူ အမျိုးသမီးလောက် ပျမ်းမျှသက်တမ်း ရှည်ကြာလေ့ မရှိပေ။ ဂျပန်အမျိုးသားများ၏ ပျမ်းမျှသက်တမ်းသည် (၇၉.၉)နှစ်ဖြစ်ပြီး ဗြိတိသျှ အမျိုးသားများ ၏ ပျမ်းမျှ (၇၈.၉)နှစ် သက်တမ်းနှင့် များစွာ မကွာခြားလှဟု သိရှိရသည်။

Planet Myanmar Network
May 03 14 - 04:11 PM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...