လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်ပြည့်၊ မပြည့် တင်းကျပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက် ၅ နှစ် ပြည့်၊ မပြည့် တင်းကျပ်စွာ စစ်ဆေး မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။
မေလ ၇ ရက်နေ့တွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ကျောင်းဖွင့်ရာသီ မတိုင်မီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများ အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ကျောင်းအပ် လက်ခံစဉ် အသက်ငါးနှစ် မပြည့်ပါက အသက် တစ်လလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ် ခွင့်ပြုချက်၊ အသက် နှစ်လလိုလျှင် မြို့နယ် ပညာရေးမှူး ခွင့်ပြုချက်နှင့် အသက် သုံးလလိုလျှင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနအထိ ခွင့်ပြုချက် တင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအပ်လက်ခံ စာရင်းများ ကို ကျောင်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးရန် စီစဉ်ထားကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။
“စာသင်ဖို့ အဆင်သင့် ဖြစ်တဲ့ ကလေးကိုပဲ လက်ခံပေးပါ။ အဆင်သင့် မဖြစ်သေးရင် နောက်နှစ်မှ ကျောင်း ထားဖို့ မိဘကို နားလည်အောင် ပြောပြပါ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် သူငယ်တန်း ကျောင်းဝင်ခွင့် အသက်ကို အသက်ငါးနှစ် သတ်မှတ်ထားသော်လည်း အချို့ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမနှင့် မိဘများက နားလည်မှုနှင့် အသက်မပြည့်သော ကလေးငယ်များကို ကျောင်းအပ် လက်ခံလေ့ ရှိသည်။
နိုင်ငံတကာ ကလေးသူငယ် ပညာရှင်များက အသက်မပြည့်မီ ပညာသင်ကြားခြင်းသည် ဉာဏ်ရည် ဖွံ့ဖြိးမှု ခြားနားချက်ကြောင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကို ထိခိုက်စေကြောင်း သုတေသန စာတမ်းများ ဖတ်ကြားလေ့ ရှိသည်။
ပညာရေး ဝန်ကြီးဌာန၏ စနစ်သစ်အရ ကျောင်းအပ်သော ကလေးငယ်၏ အသက် မှန်ကန်ကြောင်း အုပ်ထိန်းသူ၏ သဘောတူလက်မှတ် ကောက်ခံပြီး ယင်းစာရင်းအတိုင်း စစ်ဆေးရေးက စစ်ဆေးကာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရ သည်။
ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို မေလ နောက်ဆုံးပတ်တွင် လက်ခံရန် စီစဉ်နေကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။
The Voice Weekly
- (အရှေ့သို့) မှတ်ပုံတင် တိုင်းရင်းဆေးဝါးများတွင် ဆင်တူဆေးပင်များ မှားယွင်းထည့်သွင်းမှု အများဆုံးတွေ့ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကင်မရာ မှန်ဘီလူးများအကြောင်း တစ်စေ့တစ်စောင်း - A Brief Note on Camera Lens Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း