အိမ်ထောင်ရှိအမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တဲ့အတွက် အပြစ်ပေးသည့်အနေနဲ့ အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခံရတဲ့ အင်ဒိုနီးရှား အမျိုးသမီးကို ယခုအခါရှာရီယာဥပဒေအရ လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးခံရမည်


Jack the Ripper on 2014-05-07 15:42

အင်ဒီုနီးရှားနိုင်ငံမှ မုဆိုးမတစ်ဦးကို အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်မိခဲ့တဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်သူ ၈ ဦးက အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီ့မိန်းမကို အရှက်ရစေဖို့ရည်ရွယ်တဲ့အပြစ်ပေးမှုအဖြစ် လူမြင်ကွင်းမှာ ကြိမ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

မုဒိမ်းသမားများဟာ အင်ဒိုနီးရှားမြောက်ပိုင်း Banda Aceh ဒေသက သူမရဲ့နေအိမ်ထဲ ကျူးကျော်ဝင်တဲ့ အခါမှာ တော့ သူတို့နှစ်ဦးကို အတူတွေ့ခဲ့တာဖြစ်ပြီး သူမကို အသက် ၄၀ အရွယ်ယောကျာ်းတစ်ယောက်နဲ့ ‘မသင့်တော်တဲ့ လိင်ပိုင်းဆိုင်ရာပါတ်သတ်မှု’ နဲ့စွပ်စွဲခဲ့တာဖြစ်ပါတယ်။

သူမကို အခါခါ မုဒိမ်းကျင့်နေစဉ် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးရဲ့ ကြင်ဖေါ်ဖြစ်သူ ကိုတော့ ကြိုးနဲ့တုပ်နှောင်ရိုက်နှက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သူတို့နှစ်ဦးကို ရေဆိုးရေညစ်ပုံးပေါင်းများ စွာနဲ့ လောင်းခဲ့ပါတယ်။

အဲဒီ့အမျိုးသမီးကို အဆိုပါမုဒိမ်းသမားတွေက ရဲစခန်းသို့ခေါ်ဆောင်သွားပြီး အိမ်ထောင်ရေးပြင်ပ လိင် ဆက်ဆံမှုကို တားမြစ်တဲ့ တင်းကျပ်တဲ့ရှာရီယာဥပဒေနဲ့ ဆန့်ကျင်နေကြောင်း တိုင်ကြားခဲ့တာဖြစ်ပါ တယ်။ အဲဒီ့နောက်မှာတော့ သူမ မုဒိမ်းကျင့်ခံခဲ့ရကြောင်း သိရှိရပါတယ်။

အဲဒီ့ကြားဝင်ဆောင်ရွက်သူ မုဒိမ်းသမားထဲက အချို့ထွက်ပြေးကုန်တဲ့အတွက် ၃ ဦးကိုသာ ရဲကထိန်း သိမ်းပြီး မုဒိမ်းမှုနဲ့တရားစွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒီလုပ်ရပ်တွေကြောင်း အိမ်ထောင်ရေးဖောက်ပြန်သူ အမျိုးသမီးကို ရဲတပ်ဖွဲ့က ကြိမ်ဒဏ်အပြစ်ပေးမယ့် အစီအစဉ် ပျက်မသွားပါဘူး။

‘ဒီအမျိုးသမီးနဲ့ အမျိုးသားဟာ လိင်ပိုင်းဆိုင်ရာအရ ဘာသာရေးဥပဒေကို ချိုးဖောက်တဲ့အတွက် နှစ်ယောက် စလုံးကို ကြိမ်ဒဏ်ပေးရပါမယ်’ လို့ အရှေ့ပိုင်း Langsa မြို့မှာရှိတဲ့ ရှာရီယာ ရုံးတော်က Mr Ibrahim Latif က Jakarta Globe သတင်းဌာန ကိုပြောပါတယ်။

သူမကျူးလွန်ခဲ့တဲ့ ဘာသာရေးပြစ်မှုကြောင့် အပြစ်ပေးခံရမှုမှာ ဒီမုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ အချက်ကို ထည့်ပြီးစဉ်းစားပေးမှာမဟုတ်ကြောင်း သူကပြောပါတယ်။

အမျိုးသားဖြစ်သူမှာ အိမ်ထောင်နဲ့ ကလေး ငါးယောက်ရှိပေမယ့် အဲဒီ့မိန်းမနဲ့သူ့အဖေါ်တို့ဟာ အကြိမ်ပေါင်း များစွား လိင်ဆက်ဆံခဲ့ဖူးကြောင်း ၀န်ခံခဲ့တယ်လို့ Mr Ibrahim ကပြောပါတယ်။

ဘာသာရေးဥပဒေအတိုင်း အဆိုပါအမျိုးသားနဲ့ အမျိုးသမီးဟာ လူမြင်ကွင်းမှာ တစ်ယောက်ကို ကြိမ်ဒဏ် ကိုးချက်ကျခံရမှာဖြစ်ပါတယ်။

၁၃ နှစ်သားတစ်ဦးအပါအ၀င် မုဒိမ်းသမား ၃ ဦးဟာ ရှာရီယာဥပဒေနဲ့သာ တရားစွဲခံရမယ်ဆိုရင်တော့ အရေအတွက်တူ ကြိမ်ဒဏ်နဲ့အပြစ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ရာဇ၀တ်တရားရုံးမှာလည်း အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကျန်မုဒိမ်းသမားငါးဦးကိုတော့ ဆက်လက်ရှာဖွေမှာဖြစ်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...