ကြောက်မက်ဖွယ်ရာ မီးလေပွေ ဖြစ်ပေါ်မှုကို အမိအရဓာတ်ပုံရိုက်ကူးနိုင်ခဲ့


Angel on 2014-05-07 15:23

အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်၊ Chillicothe မြို့ မှာ မီးလေပွေတစ်ခု ဖြစ်ပေါ်တိုက်ခတ်နေပုံကို Instagram အသုံးပြုသူတစ်ဦးက အမိအရဓာတ်ပုံရိုက်ကူးပြီး တင်ခဲ့တာပါ။

လယ်သမားတစ်ယောက်ဟာ သူရဲ့လယ်ယာမြေကို မီးရှို့ နေတုန်း လေပွေတစ်ခု တိုက်ခတ်ပြီး အခုလို မီးလေဆင်နှာမောင်း တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။

“ သူ့ အသံနဲ့ အပူချိန်က အရမ်းပြင်းထန်ပြီး ကြောက်ဖို့ ကောင်းပါတယ်။ ဒါက အချိန်တော်တော်ကြာရှိနေ မယ် ထင်ပေမယ့် မိနစ်အနည်းငယ်ပဲကြာပြီး ပျောက်ကွယ်သွားခဲ့တာပါ”

ဒီပုံကို The Weather Channel အစီအစဉ်က သူ့ ရဲ့ Facebook စာမျက်နှာမှာ ပြန်လည်ဖော်ပြခဲ့ပြီး ဒီအပတ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အပူချိန် စံချိန်တင်မြင့်တက်လာမှုနဲ့ ဒီလို မီးလေ ဆင်နှာမောင်း တွေရဲ့ ရန်ကလည်း မေ့မထားသင့်တဲ့အကြောင့် ဖော်ပြခဲ့ပါတယ်။

မီးလေပွေတွေဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြထားတဲ့ စာမျက်နှာတစ်ခုဆီလည်း The Weather Channel က လမ်းညွှန်ပေးခဲ့ပါတယ်။

အရမ်းပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှု အရှိန်မြင့်လာရကနေ အခုလို အရှိန်နဲ့ လည်ပတ်နေ တဲ့ လေပွေတွေ ကို ဖြစ်ပေါ်စေပါတယ်။ လေရဲ့ လည်ပတ်မှုအရှိန်က တစ်စုတစ်စည်းတည်း မီးလျှံရှိရာကို တိုးဝင်ပြီး မီးညွန့်  တွေကို အပေါ်တက်စေကာ အခုလို မီးလေပွေတွေကို ဖြစ်ပေါ်စေပါတယ် ဆိုတဲ့ အကြောင်းကို မိုးလေ၀သပညာရှင် Jon Erdman က ရှင်းလင်းပြခဲ့ပါတယ်။

ဒီမီးလေပွေတွေဟာ အရမ်းကျဉ်းမြောင်းပေမယ့် အမြင့်ပေ ၁၀၀ လောက်အထိ မြင့်တက်ပြီး အန္တရာယ် ရှိနိုင်ကြောင်း သတိပေးထားပါတယ်။

Ref: huffingtonpost.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...