ကိုယ်ခန္ဓာထဲကို ဆေးဝါးအာနိသင်တွေ ထုတ်လွှတ်ပေးနိုင်မယ့် လျှပ်စစ်အရေပြားတု
Health Updates Journal No. 118
စက္ကူရွက်ပမာဏသာ အထူရှိပြီး ၀တ်ဆင်လို့ရတဲ့ လျှပ်စစ်အရေပြားတု တစ်မျိုးဟာ ကုသမှုနဲ့ စောင့်ကြပ် ကြည့်ရှုမှုကို တစ်ပြိုင်နက် လိုအပ်နေတဲ့ လူနာတွေအတွက် အဆင်ပြေစေ နိုင်ကြောင်း ဆေးပညာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံက သုတေသီတွေ တီထွင်ထားတဲ့ ဒီလျှပ်စစ်အရေပြားတုဟာ ၀တ်ဆင်သူရဲ့ လှုပ်ရှားမှုကို မှတ်တမ်းတင်နိုင်ခြင်း၊ ကုသမှုဆိုင်ရာ အချက်အလက်များကို သိုလှောင်ထားနိုင်ခြင်း၊ ဆေးဝါးများကို အရေပြားမှတစ်ဆင့် ထုတ်လွှတ်ပေးနိုင်ခြင်းစတဲ့ အချက်တွေကို ပေးစွမ်းနိုင်တဲ့အတွက် အတက်ရောဂါ၊ ပါကင်ဆန် ရောဂါရှင်တွေအတွက် အထူးသင့်တော်ကြောင်း သိရှိရပါတယ်။ ဒီအရေပြားတုဟာ ၄ စင်တီမီတာအရှည်၊ ၂ စင်တီမီတာအကျယ်ရှိပြီး အထူကတော့ ၀.၀၀၃မီလီမီတာသာရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့ရှိ ဇီဝဆေးသိပ္ပံအင်ဂျင်နီယာ Nanshu Lu က ပြောကြားထားပါ တယ်။ သုတေသီတွေဟာ ဒီအရေပြားတုရဲ့ ပါးလွှာတဲ့အလွှာလေးတွေထဲမှာ ၀တ်ဆင်သူရဲ့အပူချိန်၊ လှုပ်ရှားမှု၊ မိုက်ခရိုအနွေးပေးစက်နဲ့ ဆေးဝါးထုတ်လွှတ်စက်တွေကို ကျုံ့ဆန့်နိုင်တဲ့ နာနိုနည်းပညာ ပစ္စည်းတွေနဲ့ ဖန်တီးထည့်သွင်းထားပါတယ်။
ဒါပေမယ့် ဒီအရေပြားတုဟာ အချက်အလက်တွေကို ပို့ဆောင်ပေး နိုင်စေဖို့ လျှပ်စစ်ဓာတ်ပေးနိုင်တဲ့ power supply တစ်ခုခုနဲ့ ဆက်သွယ်ထားမှသာ အလုပ်လုပ်နိုင်မှာပါ။ ““ဒီအရေပြားတုက ဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို လစ်သီယမ်ဘက်ထရီသုံး ရေဒီယိုလှိုင်းကိရိယာ (radio frequency decvices with lithium batteries) တွေကလည်း ပေးစွမ်းနိုင်ပေမယ့် အဲဒီပစ္စည်းတွေဟာ လျှပ်စစ်အရေပြား တုလောက်တော့ သေးငယ်ပြီး သက်သောင့် သက်သာရှိမှာမဟုတ်ပါဘူးလို့ Nanshu Lu က ရှင်းပြခဲ့ပါ တယ်။
ဒီတွေ့ရှိမှုကို Journal of Nature Nanotechnology မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို
ref;IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)