အဆိုတော် မီးမီးခဲ တရားဝင် ကွာရှင်းခွင့်ရရှိ



ဧပြီ ၃ဝ ရက်၊ မွန်းလွဲ ၂ နာရီ ၁ဝမိနစ် က အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း တို့နှစ်ဦးအား အနောက် ပိုင်း ခရိုင် ဒုခရိုင် တရားရုံးမှ တရားဝင် ကွာရှင်းခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ တရားဝင် ကွာရှင်းခွင့်ရရန် အတွက် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့် မှစ၍ မီးမီးခဲ ဘက်မှ တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးမှ ကွာရှင်းခွင့် ပြု လုပ်ခြင်းဖြစ်သည်။

တရားဝင် လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲရေးနှင့် လင်မယား နှစ်ဦးပိုင် ပစ္စည်းများအား ခွဲဝေပေးစေလိုမှု အတွက် အဆိုတော် မီးမီးခဲဘက်မှ တောင်းဆိုခဲ့ပြီး ယင်းအချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။ အဆိုတော် မီးမီးခဲ ကမူ “အခုချိန်ကစပြီး သမီးကလေးနဲ့ အတူတူ ဘဝကို ရှင်သန် နိုင်ခွင့် ရရှိသွားပါပြီ။ အစ်မ သူ့အတွက် (ထူးအယ်လင်း) အများကြီး စဉ်းစားပေးခဲ့ပါတယ်။ အခုတော့ အစ်မလွတ်မြောက်သွားပါပြီ။ အစ်မ အခုချိန်ကစပြီး သမီးလေးဘာဘီနဲ့အတူ ဘဝကို ရှင်သန်ခွင့် ရရှိသွားပြီ။ သူ့ကိုလည်း အစ်မ သီးသန့်ရပ်တည် ခွင့်ပြုခဲ့နိုင်ပါပြီ။ အစ်မ ဒီလိုဖြစ်တာ နှစ်နှစ်ခွဲ သုံးနှစ်ပြည့်တော့မယ်။ ဒါပေမဲ့ အစ်မ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ အခုတော့ တရားရုံးကနေ အမိန့်ချပေး လိုက်ပြီ။ အစ်မတို့ကို လင်မယားအဖြစ်မှ တရားဝင် ကွာရှင်းပြတ်စဲ ခွင့်ပြုလိုက်တယ်။ နောက်နှစ်ဦး ပိုင်ပစ္စည်း များခွဲဝေပေးစေလိုမှု အတွက်ပါ အစ်မ တရားရုံးကို ဦးတိုက်လျှောက် ထားခဲ့ရာမှာ အခုအစ်မ အနိုင် ရရှိသွားပါပြီ” ဟုပြောကြားခဲ့သည်။

သုတလင်း
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...