မြန်မာ့ဆက်သွယ်ရေး အင်တာနက်သုံးစွဲမှု မြင့်မားရန် Bandwidth ၁ဝဝ အထိ တိုးချဲ့ဆောင်ရွက်မည်ဟု ဆို

photo:google

မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှု ကောင်းမွန်တိုးတက်ရေးအတွက် အင်တာနက် Bandwidth ပမာဏကို ၁ဝဝ အထိရောက်အောင် ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

”လတ်တလောအနေနဲ့ Bandwidth တိုးချဲ့ဖို့အတွက် ဆောင်ရွက်ရမယ့်အပိုင်းတွေကို လုပ်နေပါ တယ်။ ဆောင်ရွက်ရမယ့်အပိုင်းတွေ ပြီးသွားရင်တိုးချဲ့မယ့်အပိုင်းကို လုပ်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက် ကြောင်းဌာနမှ အရာရှိတစ်ဦးကပြောသည်။ Bandwidth တိုးချဲ့မည့်အပိုင်းတွင် လုပ်ဆောင်မည့်ပမာဏကို အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းဆောင်ရွက်သွားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”ရနိုင်သလောက်တော့ တိုးချဲ့သွားမှာပါ။ Bandwidth တိုးမယ့်အပိုင်းမှာလည်း လက်ရှိဆက် သွယ်ရေး အော်ပရေတာတွေ တိုးချဲ့ယူတာမျိုးမဟုတ်ဘဲ မြန်မာ့ဆက်သွယ် ရေးသီးသန့်အနေနဲ့ တိုးချဲ့မှာပါ” ဟု ၎င်းကဆက်ပြောသည်။တိုးချဲ့မည့်ပမာဏကို လက်ရှိအဓိကချိတ်ဆက်ထားသည့် SEA-ME-WE 3 အပြင် ကုန်းတွင်း ဆက်ကြောင်းများ၊ အခြားဆက်ကြောင်းများမှ ယူဆောင်သွား မည်ဖြစ်ပြီး ဆက်ကြောင်း သစ်များကိုအကောင်အထည် ဖော်ဆောင်ရွက်ကာ တိုးချဲ့ဆောင်ရွက်မှု များပြီးမြောက်ပါက ထုတ်ပြန်ကြေ ညာပေးမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအင်တာနက် Bandwidth ပမာဏမှာ ၂၇.၃၆ ဝန်းကျင်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းအပြီးတွင် အဆိုပါပမာဏ ကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက်စနစ်အတွက် ဖိုင်ဘာဆက်ကြောင်း SEA-ME-WE 3 အပြင် စင်ကာပူမှ အဓိက ထားလုပ် ဆောင်မည့် ဖိုင်ဘာဆက်ကြောင်းသစ် SEA-ME-WE 5 ဆက်ကြောင်း ကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည်ဟု ဆက်သွယ်ရေးမှ သိရသည်။

Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...