မေ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)

မေ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါ တယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မေ ၈ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး အမြင့် ၁ ပေကနေ ၂ ပေလောက် ရှိနိုင်ပါတယ်။



အပူရှိန်မြင့်တက်နိုင်မှုကတော့ တနိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ ဆက်လက် ကျဆင်းနိုင်ပါ တယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေ သတွေမှာတော့ လွန်ကဲအဆင့်အောက် ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးကျရောက်နိုင်တာ ကတော့ မြစ်ကြီးနားမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၆ ဒဿ မ ၃ သာ ရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုး ၁၃ ဒဿ မ ၁ ရှိနိုင်တဲ့မြို့ကတော့ တောင်ကြီးမြို့ ဖြစ်ပါတယ်။ ကျန်ဒေသတွေကတော့ ၁၂ ကနေ ၁၃ အထိ မြင့်တက်နိုင်ပါတယ်။

နေ့အပူချိန်ကတာ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၃၆ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီစင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် မြောက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မြောက်ပိုင်း တို့မှာ နေရာကွက်ကြား မိုးရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာမှ ၅၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီ ဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီ ဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...