ဘရာဇီးလ်ရဲ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက်ဟာ ကမ္ဘာ့အရပ်အမြင့်ဆုံး သတို့သမီးဖြစ်လာ


သီဟနိုင် on 2014-05-07 12:18

ဘရာဇီးလ်ရဲ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက်ဟာ အရပ် ၆ပေ ၈လက်မရှိပြီး သူမရဲ့ ၅ပေ ၄လက်မ ရှိတဲ့ သတို့သားလောင်းဟာ သူမကို လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမဟာ ကမ္ဘာ့ အရပ်အမြင့်ဆုံး သတို့သမီးဖြစ်လာပါတယ်။

သူမရဲ့ နာမည်ကတော့ Elisany ပါ။ သူမရဲ့ ပီကျူထရီ ဂလင်းပေါ်မှာ အကျိတ်တည်ပြီး ခြေတံလက်တံ ရှည်ထွက်တဲ့ (gigantism လို့ခေါ်တဲ့ ရောဂါ) ကို ခံစားနေရသူတစ်ယောက်ပါ။ သူမရဲ့ သတို့သား နာမည်ကတော့ Frrancinaldo ပါ။

ဒီစုံတွဲဟာ သုံးနှစ် တွဲလာခဲ့ကြပြီး တစ်နှစ်ကြာအောင် အတူတူနေခဲ့ကြပြီးပါပြီ။ Elisany ဟာ အာရုံစိုက်ခံ ရအောင် ကြိုးစားနေတုန်း ဖြစ်ပေမယ့် သူမအတွက် ဂုဏ်ယူကြောင်း Francinaldo ကပြောပါတယ်။

ဒီစုံတွဲဟာ စေ့စပ်ထားတာ ကြာပြီဖြစ်ပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်ဆွဲဖို့ အဆင်သင့်ဖြစ်နေကြ ပါပြီ။

Elisanyဟာ အသက် ၁၈နှစ်ပဲရှိသေးပေမယ့် မျိုးမအောင်မှာကို ကြောက်လို့ မကြာမီမှာပဲ ကလေးယူဖို့ မျှော် လင့်ထားပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...